
၂၀၂၀ခုနှစ်၊ စက်တင်ဘာလ (၂၄)ရက်နေ့၊ ညနေ ၄နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၏ Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီထံသို့ ဦးစိန်မြင့် ကွယ်လွန်ခြင်း (၆)နှစ်ပြည့် နှစ်ပတ်လည်အား ရည်စူး၍ (ဦးစိန်မြင့်)+ အဂ္ဂမဟာ သီရိသုဓမ္မသိင်္ဂီ ဒေါ်စန်းကြူ၊ Diamond Star Co.,Ltdနှင့် အဆင့်မြင့် ဒုံးပျံဂျုံစက်၊ နာယက - Capital Diamond Star Foundation တို့မှ စုစုပေါင်း ငွေကျပ် သိန်း (၁၀၀၀)တန်ဖိုးရှိ 3M တံဆိပ် PPEအထည်ရေ ၂၀၀၀၊ 5-Liter Dual Output Oxygen Concentrator အလုံး ၅၀၊ Premier ထုတ်ကုန်များ၊ Happyထုတ်ကုန်များနှင့် Wah Lahအသင့်စား ခေါက်ဆွဲထုတ်များ၊ Swab Teamများ အထွေထွေအသုံးစရိတ်အတွက် ကျပ်ငွေ (၂၇၁)သိန်း တို့အား ပေးအပ်လှူဒါန်းခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမြင့်မှ လက်ခံ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။
ထို့အတူ ၂၀၂၀ခုနှစ်၊ စက်တင်ဘာလ (၂၄)ရက်နေ့တွင် အလှူရှင် အဂ္ဂမဟာ သီရိသုဓမ္မသိင်္ဂီ ဒေါ်စန်းကြူ (Capital Diamond Star Foundation နာယက၊ Diamond Star Co.,Ltdနှင့် အဆင့်မြင့် ဒုံးပျံဂျုံစက် မိသားစု)တို့မှ မန္တလေးတိုင်းဒေသကြီး Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကိစ္စများအတွက် လိုအပ်သည့်နေရာများတွင် အသုံးပြုနိုင်ရန် အလှူငွေကျပ် သိန်း (၁၀၀၀)ကို မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံးသို့ သွားရောက်လှူဒါန်းခဲ့ပြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်မှ လက်ခံ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။