CDSG နှင့် Mitsubishi ကော်ပိုရေးရှင်းတို့အကြား ဖက်စပ်လုပ်ကိုင်သည့် Lluvia Limited လက်အောက်ရှိ Branded Consumer Foods လုပ်ငန်း (“BCF”) သည် မြန်မာနိုင်ငံ၏ နံပါတ်တစ် အသင့်သောက်ကော်ဖီအမှတ်တံဆိပ်ဖြစ်သည့် Premier ၏ ထုတ်လုပ်သူနှင့် ဖြန့်ဖြူးသူဖြစ်သည်။ Premier 3 in 1၊ Premier 2 Plus 1၊ Premier Espresso၊ Premier White Coffee၊ Premier Fusion၊ Premier Arabica Fresh၊ Premier Fine Ground၊ Premier Coarse Ground၊ Premier Milk Powder နှင့် Premier Malt တို့သည် Premier အမှတ်တံဆိပ်၏ အဓိကထုတ်ကုန်များဖြစ်သည်။ BCF သည် Happy Tea၊ Happy Coffee၊ Happy Caramel၊ Htoo Shal Tea နှင့် Htoo Shal Kaw တို့ကိုလည်း ထုတ်လုပ်ထားပါသည်။ Lluvia Limited သည် Wah-Lah အမှတ်တံဆိပ်အောက်တွင် BCF မှ ဖြန့်ဖြူးသည့် အရည်အသွေးပြည့်မီသော အသင့်စားခေါက်ဆွဲများ ထုတ်လုပ်ရန်အတွက် Sar Taw Kal Noodle Limited အမည်ရှိအဖွဲ့အစည်းကို ဖွဲ့စည်းခဲ့ပါသည်။
BCF ၏ အဓိက အားသာချက်များထဲမှတစ်ခုမှာ ၎င်း၏ ကိုယ်ပိုင် ကိုယ်စားလှယ်များနှင့် အရောင်းကိုယ်စားလှယ်များ ပါ၀င်သော Touch Point (၄၆) ခု ပါဝင်သည့် ကျယ်ပြန့်သော ဖြန့်ဖြူးရေးကွန်ရက်ဖြစ်သည်။ ဤ Touch Point များမှတစ်ဆင့် BCF သည် မြန်မာနိုင်ငံတစ်ဝှမ်းရှိ လက်လီ အရောင်းဆိုင်ပေါင်း ၃၇,၀၀၀ ကျော်ကို တိုက်ရိုက် ဖြန့်ဖြူးလျက် ရှိပါသည်။ ထို့ပြင် BCF သည် လက်ကား အရောင်းဆိုင် နှင့် တဆင့်ခံ လက်ကား အရောင်းဆိုင်ပေါင်း (၁၀,၀၀၀) ကျော်ကို ဖြန်ု့ဖြူးရောင်းချလျက်ရှိပြီး ထို လက်ကား အရောင်းဆိုင်များမှ တဆင့် လက်လီ အရောင်းဆိုင်များစွာသို့ သွယ်ဝိုက်၍ ဆက်လက် ဖြန့်ဖြူးလျက်ရှိပါသည်။ BCF ၏ တိုက်ရိုက်နှင့် သွယ်ဝိုက် ရောင်းဝယ်မှုဈေးကွက် လွှမ်းခြုံမှုကို ပေါင်းစပ်ပါက BCF သည် လက်လီရောင်းဝယ်မှုဈေးကွက်၏ 90% ကျော်ကို လွှမ်းခြုံမှု ရှိပါသည်။
၎င်း၏ ကိုယ်ပိုင်အမှတ်တံဆိပ်များ၏ ဖြန့်ဖြူးရေးကွန်ရက်ကို အသုံးချခြင်းဖြင့် BCF သည် နိုင်ငံတကာကုမ္ပဏီများအတွက် တင်သွင်းထုတ်ကုန်များ ဖြန့်ဖြူးမှုကို ပံ့ပိုးပေးပါသည်။ Julie’s™၊ Tipco™ နှင့် Lotte™ ကဲ့သို့သော ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသတွင်း အမှတ်တံဆိပ်များနှင့် မိတ်ဖက်အဖွဲ့များ ဖွဲ့စည်းထားပြီး ၎င်းတို့၏ ထုတ်ကုန်များကို မြန်မာနိုင်ငံအနှံ့ တင်သွင်းဖြန့်ဖြူးထားပါသည်။ Lluvia သည် မြန်မာနိုင်ငံဈေးကွက်သို့ ဝင်ရောက်ရန် အခြားသော နိုင်ငံတကာ နာမည်ကြီး အမှတ်တံဆိပ်ပိုင်ရှင်များနှင့် ပူးပေါင်းဆောင်ရွက်ရန် အခွင့်အလမ်းများကို တက်ကြွစွာ ရှာဖွေလျက်ရှိပါသည်။
အမှတ်တံဆိပ်တည်ဆောက်မှုသည် BCF လက်အောက်ရှိ ထုတ်ကုန်များ အောင်မြင်မှုအတွက် ထင်ရှားသော DNA ဖြစ်သည်။ BCF သည် နိုင်ငံတကာလုပ်ဖော်ကိုင်ဖက်များနှင့် ကုန်ပစ္စည်း အမှတ်တံဆိပ်များ စျေးကွက်အတွင်းသို့ ဝင်ရောက်နိုင်စေရန် လက်တွဲလုပ်ဆောင်ရန် အတွက် ကြိုဆိုလျက်ရှိသည်။ မြန်မာနိုင်ငံတွင် အမှတ်တံဆိပ် ဖွံ့ဖြိုးတိုးတက်ရေးသာမက ဖြန့်ဖြူးရေးတွင် လည်း ပံ့ပိုးကူညီ ဆောင်ရွက်လျက်ရှိသည်။
BCF သည် အသင့်သောက်အဖျော်ယမကာများ၊ ဘီစကွတ်များနှင့် အသင့်စားခေါက်ဆွဲများ ထုတ်လုပ်ခြင်းကဲ့သို့သော OEM ဝန်ဆောင်မှုများကို ဆောင်ရွက်လျက်ရှိပါသည်။