CDSG ၏ လုပ်ငန်းတစ်ခုဖြစ်သည့် Diamond Star သည် မန္တလေးတွင် ၎င်း၏ ပထမဆုံးစက်ရုံကို တည်ထောင်ခဲ့ပြီး ၁၉၈၀ ခုနှစ်တွင် တစ်ရက်လျှင် ၁ တန်သာ ထုတ်လုပ်နိုင်ခဲ့သည်။ ယနေ့တွင် ရန်ကုန်နှင့် မန္တလေးရှိ ဆန်စက်များ ပေါင်းခြင်းထွက်နှုန်း တစ်ရက်လျှင် တန်ချိန် 1,160 ထွက်ရှိပြီး မြန်မာနိုင်ငံတွင် အကြီးဆုံး ဂျုံမှုန့်ကြိတ်စက်လုပ်ငန်း ဖြစ်လာခဲ့ပါသည်။ Diamond Star ကို စတင်တည်ထောင်သူများသည် CDSG ၏ အခြေခံအုတ်မြစ်ဖြစ်သော ဂျုံမှုန့်လုပ်ငန်းကို ဈေးကွက်ကို ဦးဆောင်နေသည့် လုပ်ငန်းတစ်ခုအဖြစ် တည်ဆောက်ရန် ဆယ်စုနှစ် လေးခုနီးပါး အချိန်ယူခဲ့ရပါသည်။
2015 ခုနှစ်မှစတင်၍ ဂျုံမှုန့်လုပ်ငန်းသည် CDSG နှင့် Mitsubishi Corporation တို့ကြား ဖက်စပ်လုပ်ကိုင်သည့် Lluvia Limited (“Lluvia”) အောက်တွင် လည်ပတ်နေပါသည်။ Lluvia သည် CDSG နှင့် Mitsubishi ကော်ပိုရေးရှင်း၏ ကျွမ်းကျင်မှုနှင့် အတွေ့အကြုံများကို ဂျုံမှုန့်အပြင် မြန်မာနိုင်ငံရှိ အခြားစားသောက်ကုန်လုပ်ငန်းများတွင် ဦးဆောင်သူဖြစ်လာစေရန် ရည်ရွယ်ချက်ဖြင့် အသုံးချလျက်ရှိသည်။
လက်ရှိတွင် Lluvia ၏ Diamond Star နှင့် Rocket တို့သည် မြန်မာနိုင်ငံတွင် စျေးကွက်ဝေစု ၅၀ ရာခိုင်နှုန်း ကျော်ဖြင့် ဂျုံမှုန့်လုပ်ငန်းများတွင် ဦးဆောင်လျက်ရှိနေပါသည်။
Lluvia သည် မုန့်ဖုတ်ကိရိယာများနှင့် မုန့်ဖုတ်ရာတွင် အသုံးပြုသည့် ပါဝင်ပစ္စည်းများဖြစ်သော ဂျုံမှုန့် စပ်သည့် ဆီ၊ မာဂျရင်း၊ ကိတ်မုန့်ဂျယ်၊ အရသာများနှင့် တဆေးကဲ့သို့သော ထုတ်ကုန်များကိုလည်း ဖြန့်ဖြူးလျက်ရှိပါသည်။ ဤထုတ်ကုန်များကို မြန်မာနိုင်ငံတစ်ဝှမ်းရှိ မုန့်ဖုတ်လုပ်ငန်း၊ ခေါက်ဆွဲစက်ရုံများ၊ မုန့်စက်ရုံများနှင့် HORECA ကဲ့သို့သော ကျွန်ုပ်တို့၏ ဖောက်သည်များသို့ ဖြန့်ဖြူးရောင်းချလျက်ရှိပါသည်။
Lluvia သည် အထက်ဖော်ပြပါအတိုင်း ဂျုံနှင့် စပ်ဆက်ပစ္စည်း အများအပြားကို ပံ့ပိုးပေးရုံသာမက ကျွန်ုပ်တို့၏ ဖောက်သည်များအတွက် နည်းပညာပိုင်းဆိုင်ရာ အကူအညီများကိုလည်း ပံ့ပိုးပေးခြင်းဖြင့် ကျွန်ုပ်တို့၏ ဖောက်သည်များအတွက် တစ်နေရာတည်းမှ ဖြေရှင်းချက်ပေးသူဖြစ်လာရန် ကြိုးပမ်းနေပါသည်။
Lluvia Limited |