ဖောင်ဒေးရှင်းအနေဖြင့် မြန်မာနိုင်ငံ ပြည်သူလူထု၏ ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု၊ စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်နှင့် မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေး စသည့် နယ်ပယ်အသီးသီးအတွက် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ ဖောင်ဒေးရှင်းသည် မြန်မာနိုင်ငံတွင် သဘာဝဘေးဒဏ်ခံရသည့် အချိန်များတွင်လည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးခဲ့ပါသည်။
Capital Diamond Star Group (CDSG) သည် ၄င်း၏လက်အောက်ခံလုပ်ငန်းများနှင့် Capital Diamond Star Foundation တို့မှ တစ်ဆင့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအတွက် ယနေ့အချိန် အထိ စုစုပေါင်း ငွေကျပ်သန်းပေါင်း (၁,၆၀၀) ကျော် ကို လှူဒါန်းခဲ့သည့်အပြင် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီလက်အောက်တွင်ရှိသော COVID-19 ကာကွယ်ဆေး ဝယ်ယူရရှိရေး ရန်ပုံငွေ စီမံခန့်ခွဲမှုဆပ်ကော်မတီသို့ အမေရိကန် ဒေါ်လာ (၁) သန်းကိုလည်း ဂုဏ်ယူစွာ လှူဒါန်းခဲ့သည်။