Capital ဟု လူသိများသော Capital Retail သည် မြန်မာနိုင်ငံ၏ မြို့ကြီးများတွင် ဈေးဝယ်စင်တာကြီးများဖြင့် အလွှာစုံမှ ဖောက်သည်များကို ဝန်ဆောင်မှုပေးနေသည့် ခေတ်မီကုန်သွယ်လက်လီအရောင်းလုပ်ငန်းတစ်ခုဖြစ်သည်။ CDSG လုပ်ငန်းစုကြီး မှ Capital ဈေးဝယ်စင်တာများကို ၂၀၀၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး Hypermarket မှ စတင်ကာ ဈေးဝယ်စင်တာ ပုံစံမျိုးစုံဖြင့် လူကြိုက်များသော ပြည်တွင်းပြည်ပ ထုတ်ကုန်များနှင့် မြန်မာနိုင်ငံရှိ ဈေးဝယ်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးလျက်ရှိသည်။
Capital Retail ၏ ရည်မှန်းချက်မှာ ဈေးဝယ်သူများအားလုံးအတွက် အမျိုးမျိုးသော ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများအပေါ် ရွေးချယ်မှုများ ကျယ်ပြန့်စွာ ပြုလုပ်နိုင်ခြင်းဖြင့် ဝန်ဆောင်မှုပေးရန်ဖြစ်သည်။
Capital Retail သည် ၎င်း၏ဖောက်သည်များနှင့် ၎င်းလုပ်ငန်းနှင့် ဆက်နွယ်လျက်ရှိသော ရပ်ရွာလူထုများအတွက် လူနေမှုဘဝကို မြှင့်တင်နိုင်ရန် အမြဲဆောင်ရွက်လျက်ရှိပါသည်။ Capital Retail သည် ကုန်ပစ္စည်း အမျိုးပေါင်း ၃၀,၀၀၀ ဝန်းကျင်နီးပါးကို လက်တွဲလုပ်ကိုင်သူ ၁,၅၀၀ ကျော် (အဓိကအားဖြင့် ပြည်တွင်း) နှင့် ရင်းရင်းနှီးနှီး ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး အထူးသဖြင့် မြန်မာ့စီးပွားရေးနှင့် မြန်မာနိုင်ငံ SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် အခိုင်အမာ ပံ့ပိုးကူညီလျက်ရှိသည်။
Capital Retail တွင် ဝန်ထမ်းဦးရေ ၁၀၀၀ ခန့်ရှိပြီး ရန်ကုန်တွင် ဟိုက်ပါမားကတ် (၁) ခု၊ ရန်ကုန်နှင့် မန္တလေးရှိ စူပါမားကတ် (၃)ခု နှင့် ရန်ကုန်မြို့တွင် Express (၇)ဆိုင် တို့ကို လည်ပတ် လုပ်ကိုင်လျက်ရှိသည်။ တစ်နှစ်လျှင် အရောင်းအဝယ် (၃,၀၀၀,၀၀၀) ကျော်ကိုလည်း အောင်မြင်စွာ လုပ်ဆောင်နေသည်။
လာမည့်နှစ်များတွင် Capital Retail သည် ၎င်း၏လုပ်ငန်းကို အဓိကမြို့ကြီးများတွင် တိုးပွားအောင် လုပ်ဆောင်သွားမည်ဖြစ်ပြီး ဆန်းသစ်သောထုတ်ကုန်များ၊ ဝန်ဆောင်မှုများ၊ လက်လီပုံစံအသစ်များဖြင့် မြန်မာနိုင်ငံပြည်သူများအတွက် လူနေမှုဘဝနေထိုင်ရေး ပိုမို အဆင်ပြေလာစေရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။