Hot Line: +959 945 103 033    Email Address: info@cdsg.com.mm         
   
     

Capital Development Limited

Capital Development Limited ("Capital Development Limited") သည် စီးပွားရေးလုပ်ငန်း များနှင့်သက်ဆိုင်သော အဆောက်အဦးပရောဂျက်များ နှင့် လူနေအိမ်ရာ အဆောက်အဦး ပရောဂျက်များ နှစ်မျိုးလုံး တွင် အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်နေသည့် ထိပ်တန်း အိမ်ခြံမြေလုပ်ငန်း ကြီး တစ်ခု အဖြစ်ရပ်တည်လျက် ရှိသည်။

ထို့အပြင် ၎င်း၏ ဆောက်လုပ်ပြီးစီးသည့် ဖွံ့ဖြိုးရေးတိုးတက်မှုဆိုင်ရာ အဆောက်အဦးများ နှင့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ အိမ်ခြံမြေပရောဂျက်များသည် ရန်ကုန်မြို့ နှင့် မန္တလေးမြို့များရှိ အဓိက အချက်အချာကျသော နေရာများတွင်တည်ရှိသည့်အတွက် အကောင်းဆုံးသော နေရာများအား ရွေးချယ် အကောင်အထည်ဖော်နိုင်သည့် လုပ်ငန်းကြီး တစ်ခုလည်းဖြစ်သည်။

Capital Development Limited ကို 2011 ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ရန်ကုန်မြို့တွင် အခြေစိုက်ပါသည်။

ထိုမှစ၍ ၎င်း၏ ကျွမ်းကျင်မှုဆိုင်ရာ နယ်ပယ်များဖြစ်သည့် ဆောက်လုပ်ရေးလုပ်ငန်းများ၊ ငွေကြေးနှင့် စီမံခန့်ခွဲမှုတို့တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လုပ်ငန်းများ နှင့် အကျိုးအမြတ် ဖန်တီးမှုများကိုလည်း အားပေး မြှင့်တင်ရင်း စတုရန်းပေ ၂.၂ မီလီယန် ပမာဏထက်ပိုများသော  အကောင်းဆုံးသော အိမ်ခြံမြေ ပရောဂျက်များ ပါဝင်သည့် အဆင့်မြင့် လူနေအိမ်ယာများ၊ စီးပွားရေး ဆိုင်ရာ အဆောက်အဦးများနှင့် ရုံးခန်းများ ကဲ့သို့  အဆောက်အဦးများ ကို  ပြည်တွင်း အိမ်ခြံမြေ ဈေးကွက် အတွင်းသို့ သယ်ဆောင်လာနိုင်ခဲ့ပြီ ဖြစ်သည်။

Capital Development Limited သည် နေထိုင်သူ၊ အိမ်ခြံမြေရောင်းဝယ်သူတို့၏ အကြံပြုချက်များအပေါ် အခြေခံ၍ ၎င်း၏ မူလ အရင်းခံ ရည်မှန်းချက်များ အတိုင်း ပြည်တွင်း အိမ်ခြံမြေ ဈေးကွက်၏ လိုအပ်သော ကွက်လပ်ကို ဖြည့်တင်းနိုင်ရန်အတွက်  အခြေခံ အဆင့်မှစ၍ လိုအပ်သော ဒီဇိုင်းဖန်တီးမှုများ မှသည် ပရောဂျက် စီမံခန့်ခွဲမှုများနှင့် လုပ်ငန်း ဝန်ဆောင်မှုပေးခြင်းများတွင် ကြိုးစားပါဝင်ကာ လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

Our Successfully Completed Projects

ကျွန်ုပ်တို့၏ ထင်ရှားသော ဆောက်လုပ်ပြီးစီးခဲ့သည့် ပရောဂျက်အချို့တွင် အောက်ပါတို့ ပါဝင်ပါသည်
The GEMS Garden Condominiums - ရန်ကုန်
The GEMS Garden Condominiums - ရန်ကုန်

  • ရန်ကုန်မြို့၏ အအောင်မြင်ဆုံးနှင့် အကြီးစားပရောဂျက်တစ်ခုဖြစ်သည့် ၂၁ ထပ် အမြင့်ရှိပြီး တာဝါ ၄ လုံး၊ လူနေအိမ်ခန်း ၅၈၄ ယူနစ်၊ ရေကူးကန်များ၊ အားကစားခန်းမနှင့် အခြားစီးပွားရေး အထောက်အကူပြု အခန်းများ ပါဝင်သည်။
  • ၂၀၁၆ ခုနှစ်တွင် ကျင်းပသည့် Myanmar Property Awards မှ “အကောင်းဆုံးလူနေထိုင်မှုဖွံ့ဖြိုးတိုးတက်ရေး”၊ “အကောင်းဆုံးကွန်ဒိုဖွံ့ဖြိုးတိုးတက်ရေး” နှင့် “အကောင်းဆုံးနေထိုင်ရာအတွင်းခန်းဒီဇိုင်း” များကို ထိုက်တန်စွာ ဆွတ်ခူးရရှိခဲ့ပါသည်။
  • အမှတ် ၁၁၃, အင်းစိန်လမ်းမကြီး ပေါ်၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့ တွင် တည်ရှိသည်။
  • စုစုပေါင်းကြမ်းပြင်ဧရိယာ (GFA): ခန့်မှန်းခြေ ၁,၀၀၀,၀၀၀ စတုရန်းပေ ပါဝင်သည်။
  • ၂၀၁၆ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့သည်။

The Capital Mall - ရန်ကုန်

  • ရန်ကုန်မြို့၏ အကြီးဆုံး နှင့် အစည်ကားဆုံး စျေးဝယ်စင်တာများထဲမှ တစ်ခု ဖြစ်သည်။
  • မင်းနန္ဒာလမ်းမကြီးပေါ်၊ ဒေါပုံမြို့နယ်၊ရန်ကုန်မြို့ တွင်တည်ရှိသည်။
  • ဟိုက်ပါမားကတ်၊ လက်လီဆိုင်များ၊ စားသောက်ဆိုင်များ၊ အပန်းဖြေကစားကွင်းများ နှင့် ရုပ်ရှင်ရုံများပါဝင်သည်။
  • စုစုပေါင်းကြမ်းပြင်ဧရိယာ (GFA): ခန့်မှန်းခြေ ၁၈၆,၀၀၀ စတုရန်းပေ ပါဝင်သည်။
  • ၂၀၀၈ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။

The Capital Mall - ရန်ကုန်
Yangon Innovation Center - ရန်ကုန်
Yangon Innovation Center - ရန်ကုန်

  • နန်းသီတာဆိပ်ကမ်း ၊ ကမ်းနားလမ်း၊ ရန်ကုန်မြို့ တွင်တည်ရှိသည်။
  • ၂ ထပ် ကူးတို့ဂိတ်နှင့် ဆန်းသစ်တီထွင်မှုစင်တာ အဖြစ်ပါဝင်သည်။
  • စုစုပေါင်းကြမ်းခင်းဧရိယာ (GFA): ခန့်မှန်းခြေ ၃၀,၀၀၀ စတုရန်းပေ ပါဝင်သည်။
  • ၂၀၁၆ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့သည်။

Mandalay Financial Center – မန္တလေး

  • ၃၆၀ မြင်ကွင်းဖြင့် ရနိုင်သော မန္တလေး၏ ပထမဆုံး Grade-A အဆင့်ရှိ Mandalay Financial Center နှင့် အဆင့်မြင့် ဈေးဝယ်စင်တာ။
  • စီးပွားရေး အချက်အချာ ကျသည့် လမ်း ၈၀၊ ၂၇ လမ်း နှင့် ၂၈ လမ်း ကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့ တွင် တည်ရှိသည်။
  • ၅ လွှာ အဆင့်မြင့် စျေးဝယ်စင်တာ ဖြစ်တဲ့ The Capital Mall Mandalay @ MFC နှင့် ပရီမီယံ အဆင့်မြင့် ရုံးခန်းများ ပါဝင်တဲ့ ၁၁ လွှာ အမြင့် ရှိ MANDALAY FINANCIAL CENTER
  • စုစုပေါင်းကြမ်းခင်း ဧရိယာ (GFA): ခန့်မှန်းခြေ ၂၃၇,၀၀၀ စတုရန်းပေ ပါဝင်သည်။
  • ၂၀၂၀ တွင်ဆောက်လုပ် ပြီးစီးခဲ့သည်။

Mandalay Financial Center – မန္တလေး
CDSG Head Office - ရန်ကုန်
CDSG Head Office - ရန်ကုန်

  • လိုက်လျောညီထွေရှိမှု၊ သွက်လက်မှုနှင့် ခင်မင်ရင်းနှီးမှုတို့ဖြင့် ဒီဇိုင်းထုတ်ထားသော ခေတ်မီရုံးခန်း။
  • ရန်ကုန်မြို့၏ အကျော်ကြားဆုံး ဗဟန်းမြို့နယ်ရှိ၊ တက္ကသိုလ်ရိပ်သာ နှင့် အင်းယားမြိုင် လမ်းထောင့် တွင် တည်ရှိပါသည်။
  • CDSG ၏ အဓိက စီးပွားရေး လုပ်ငန်း အခွဲများ အားလုံး ပါဝင်မည့် ၄ ထပ် ခေတ်မီ ရုံးခန်း အဆောက်အဦး။
  • စုစုပေါင်းကြမ်းခင်း ဧရိယာ (GFA): ခန့်မှန်းခြေ ၈၂,၀၀၀ စတုရန်း‌ပေ ပါဝင်သည်။

Facts & Figures

စုစုပေါင်း GFA 1,000,000 စတုရန်းပေရှိသော လူနေအိမ်တာဝါ လေးလုံး
စုစုပေါင်း GFA 1,000,000 စတုရန်းပေရှိသော လူနေအိမ်တာဝါ လေးလုံး
စုစုပေါင်း GFA 327,000 စတုရန်းပေရှိသော စီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု သုံးခု ပြီးစီးခဲ့သည်။
စုစုပေါင်း GFA 327,000 စတုရန်းပေရှိသော စီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု သုံးခု ပြီးစီးခဲ့သည်။
စုစုပေါင်း GFA 919,000 စတုရန်းပေရှိသော လက်ရှိဖြစ်ပေါ်နေသော တိုးတက်မှုသုံးခု
စုစုပေါင်း GFA 919,000 စတုရန်းပေရှိသော လက်ရှိဖြစ်ပေါ်နေသော တိုးတက်မှုသုံးခု
ရန်ကုန်နှင့် မန္တလေးတို့တွင် အချက်အချာကျသော နေရာများတွင် ထင်ရှားသော မြေဘဏ်
ရန်ကုန်နှင့် မန္တလေးတို့တွင် အချက်အချာကျသော နေရာများတွင် ထင်ရှားသော မြေဘဏ်
ဒီဇိုင်းပိုင်း၊ ပရောဂျက်စီမံခန့်ခွဲမှုနှင့် Facility Management တို့တွင် ကျွမ်းကျင်ရမည်။
ဒီဇိုင်းပိုင်း၊ ပရောဂျက်စီမံခန့်ခွဲမှုနှင့် Facility Management တို့တွင် ကျွမ်းကျင်ရမည်။