Hot Line: +959 945 103 033    Email Address: info@cdsg.com.mm         
   
     

CDSG အကြောင်း

CDSG သည် မြန်မာနိုင်ငံအတွင်း လေးစားဂုဏ်ယူရသော နာမည်ကောင်းဖြင့် အထင်ရှားဆုံး လုပ်ငန်းစုများထဲမှ တစ်ခုဖြစ်ပြီး လုပ်ငန်းရင်းမြစ်များကို ၁၉၆၀ ခုနှစ်များတွင် စတင်ခဲ့သော အသေးစားကုန်သွယ်လုပ်ငန်းဖြစ်ကြောင်းအား သိရှိနိုင်သည်။ ထိုအချိန်မှစတင်၍ CDSG သည် ဝန်ထမ်းပေါင်း ၉,၀၀၀ ကျော်ဖြင့် စားသောက်ကုန်လုပ်ငန်းများ၊ လက်လီအရောင်းဆိုင်နှင့်စင်တာများ၊ အိမ်ခြံမြေလုပ်ငန်း၊ ကျန်းမာရေးဆိုင်ရာထုတ်ကုန်များဖြန့်ဖြူးရောင်းချရေးလုပ်ငန်း၊ ငွေကြေးဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများ၊ မော်တော်ယာဉ်တင်သွင်း ထုတ်လုပ် ဖြန့်ဖြူး ရောင်းချခြင်း လုပ်ငန်းများကဲ့သို့ ကွဲပြားသော ကဏ္ဍများတွင် လုပ်ကိုင်လျက်ရှိသော လုပ်ငန်းစုတစ်ခုအဖြစ် အရှိန်အဟုန်ဖြင့် ကြီးထွားလာခဲ့သည်။ CDSG သည် မေလ ၂၀၁၄ ခုနှစ်တွင် ကမ္ဘာ့စီးပွားရေးဖိုရမ်မှ ကမ္ဘာလုံးဆိုင်ရာ တိုးတက်မှုကုမ္ပဏီအဖြစ် ရွေးချယ်ခံခဲ့ရသည်။

 

Our Teams

Uncle (245x333)
ဦးစိုးတင့်
ဒါရိုက်တာ - Capital Diamond Star Group
မန်နေဂျင်း ဒါရိုက်တာ - Capital Development Limited

ဦးစိုးတင့်သည် ရှမ်းပြည်နယ်၏ မြို့တော်ဖြစ်သော တောင်ကြီးမြို့တွင် မွေးဖွားခဲ့ပါသည်။ ၁၉၈၇ ခုနှစ်တွင် မန္တလေးဆေးတက္ကသိုလ်တွင် MBBS ဘွဲ့ရရှိခဲ့ပါသည်။ ဦးစိုးတင့်သည် ၁၉၈၉ ခုနှစ်မှ ၁၉၉၆ ခုနှစ်အတွင်း ကချင်ပြည်နယ်တွင် ၇ နှစ်ကျော် ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး စီးပွားရေးနယ်ပယ်သို့ ပြောင်းရွှေ့အသက်မွေးဝမ်းကြောင်းပြုခဲ့သည်။
ဦးစိုးတင့်သည် အိမ်ခြံမြေ ဖွံ့ဖြိုးတိုးတက်ရေး၊ ရောင်းဝယ်ရေး၊ ဆောက်လုပ်ရေးနှင့် စားသောက်ကုန်လုပ်ငန်း အစသည့် ကော်ပိုရိတ်ကဏ္ဍများတွင် နှစ် ၂၀ ကျော်ကြာ အတွေ့အကြုံရှိပြီး အဓိက စီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှုပိုင်းဆိုင်ရာ ရာထူးများစွာကို ထမ်းဆောင်ခဲ့သည်။
၂၀၁၂ ခုနှစ်မှ စတင်၍ Capital Diamond Star Group Limited (“CDSG”) တွင် Capital Development Limited (“CDL”) ၏ အကြီးအကဲအဖြစ် ဆောင်ရွက်ခဲ့ပါသည်။ CDL ကို ၂၀၁၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး CDSG ၏ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ဆောင်မှု ကဏ္ဍ၏ ပြည်တွင်းဝယ်လိုအားကို အောင်မြင်စွာ အထောက်အကူပြုနိုင်ခဲ့ပြီး မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ခေတ်မီတိုးတက်ရေးအတွက်လည်း အောင်မြင်စွာ အထောက်အပံ့ပေးလျက်ရှိပါသည်။ လက်ရှိတွင် CDL သည် အောင်မြင်သော ပရောဂျက်များကို ဆောင်ရွက်နိုင်ခဲ့သည်အထိ တိုးတက်လျက်ရှိသည်။သူ၏ လုပ်ငန်းအတွေ့အကြုံများဖြင့် ဦးစိုးတင့်သည် ကော်ပိုရိတ်လုပ်ငန်းစု နှင့် အဝယ်တော်ဌာနများတွင်လည်း ဦးစီးလုပ်ဆောင်လျက်ရှိပါသည်။ ဦးစိုးတင့်သည် CDSG တွင် အစိုးရ၏ စည်းကမ်းရေးရာများနှင့် အစိုးရတင်ဒါပရောဂျက်များတွင် ဦးဆောင်ပြီး ‌ဆောင်ရွက်နေသူ တစ်ဦးဖြစ်သည်။

လက်ရှိတွင် ဦးစိုးတင့်သည် Capital Diamond Star Group ၏ ဒါရိုက်တာ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး Capital Development Limited ၏ မန်နေဂျင်း ဒါရိုက်တာ အဖြစ်လည်း လုပ်ငန်းတာဝန်များကို ထမ်းဆောင်လျက် ရှိပါသည်။

Uncle U Than Tun ok
ဦးသန်းထွန်း
ဒါရိုက်တာ - Capital Diamond Star Group
အမှုဆောင်အရာရှိချုပ် - International Bulk Terminal Thilawa (IBTT)

ဦးသန်းထွန်း ရန်ကုန်မြို့တွင် မွေးဖွားခဲ့ပါသည်။ ၁၉၇၄ ခုနှစ်တွင် ဝိဇ္ဇာဘာသာရပ်ဖြင့်အထက်တန်း အောင်မြင်ခဲ့ပြီး ၁၉၇၈ ခုနှစ်တွင် BA ဘွဲ့ရရှိခဲ့ပါသည်။
ဦးသန်းထွန်းသည် ၁၉၉၈ ခုနှစ်တွင် လေကြောင်းပို့ဆောင်ရေးညွှန်ကြားဦးစီးဌာန လေကြောင်းပညာသိပ္ပံတွင် သင်ကြားရေးဌာနမှူး အဖြစ်စတင်တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ထို့အပြင် ၂၀၀၂ ခုနှစ် မှ ၂၀၁၆ ခုနှစ်အထိ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးရုံးတွင်လည်း တွဲဖက်တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၂၀၁၅ ခုနှစ်မှ ၂၀၂၁ခုနှစ်ထိတွင် အမှုဆောင်အရာရှိချုပ်အဖြစ်မြန်မာ အမျိုးသားလေကြောင်းလိုင်း ( Myanmar National Airlines – MNA ) တွင် တာဝန် ထမ်းဆောင် ခဲ့ပါသည်။
၂၀၂၂ ခုနှစ်ဇန်နဝါရီလ မှ စတင်၍ Capital Diamond Star Group Limited (“CDSG”) တွင် ကော်ပိုရိတ်လုပ်ငန်းစု၏ အကြံပေးအရာရှိအဖြစ် စတင်တာဝန်ယူ ဆောင်ရွက်လျက်ရှိပါသည်။ ဆက်လက်၍ ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် International Bulk Terminal Thilawa (IBTT) ၏ အမှုဆောင်အရာရှိချုပ် အဖြစ် တွဲဖက်တာဝန်ထမ်းဆောင် လျက်ရှိပါသည်။ ဦးသန်းထွန်းသည် CDSG နှင့် သဆိုင်သော လုပ်ငန်းဆောင်တာများအပြင် ဆိပ်ကမ်းနှင့် သက်ဆိုင်သော လုပ်ငန်းဆောင်တာများအားပိုမိုတိုးတက်ကောင်းမွန် လာစေရန်ဆောင်ရွက်ပေးလျက်ရှိပါသည်။

လက်ရှိတွင် ဦးသန်းထွန်းသည် Capital Diamond Star Group ၏ ဒါရိုက်တာ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး International Bulk Terminal Thilawa (IBTT) ၏ အမှုဆောင် အရာရှိချုပ် အဖြစ်လည်း လုပ်ငန်းတာဝန်များကို ထမ်းဆောင်လျက် ရှိပါသည်။

Uncle U Sein Win ok
ဦးစိန်ဝင်း
ဒါရိုက်တာ - Capital Diamond Star Group

ဦးစိန်ဝင်းသည် စစ်ကိုင်းတိုင်း ရေဦးမြို့နယ် တင်းတိမ်ရံကျေးရွာတွင် မွေးဖွားခဲ့ပါသည်။ ၁၉၆၉ ခုနှစ်တွင် သိပ္ပံဘာသာရပ်ဖြင့် အထက်တန်းအောင်မြင်ခဲ့ပြီး ၁၉၇၅ ခုနှစ်တွင် Rangoon Institute of Technology (RIT) တွင် Bachelor of Engineering (Chemical) ဘွဲ့ရရှိခဲ့ပါသည်။
ဦးစိန်ဝင်းသည် စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း တွင် ၂၀၁၀ ခုနှစ်မှ ၂၀၁၃ ခုနှစ်ထိ ဦးဆောင်ညွန်ကြားရေးမှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။
၂၀၁၃ ခုနှစ်စက်တင်ဘာလမှ စတင်၍ Capital Diamond Star Group Limited (“CDSG”) ၏ လုပ်ငန်းခွဲ တစ်ခုဖြစ်သော Capital Leasing Limited (CLL) တွင် မန်နေဂျင်း ဒါရိုက်တာအဖြစ် စတင်တာဝန်ယူ ဆောင်ရွက်ခဲ့ပါသည်။ ၂၀၁၇ ခုနှစ်မှစတင်ကာ Capital Construction Limited (CCL) ၏ မန်နေဂျင်း ဒါရိုက်တာ အဖြစ် ဆက်လက်တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။ ဦးစိန်ဝင်းသည် CDSG ၏ ဆောက်လုပ်ရေး လုပ်ငန်းကဏ္ဍများတွင်သော်လည်းကောင်း ကော်ပိုရိတ်လုပ်ငန်းစု နှင့် အဝယ်တော်ဌာနများတွင် သော်လည်းကောင်း ပိုမိုတိုးတက်ကောင်းမွန်လာနိုင်စေရန် ဦးစီးလုပ်ဆောင်လျက်ရှိပါသည်။

လက်ရှိတွင် ဦးစိန်ဝင်းသည် Capital Diamond Star Group ၏ ဒါရိုက်တာ အဖွဲ့ဝင်တစ်ဦးအဖြစ် လုပ်ငန်းတာဝန်များကို ထမ်းဆောင်လျက်ရှိပြီး ယခင်က Capital Construction Limited ၏ မန်နေဂျင်း ဒါရိုက်တာအဖြစ်  တာဝန်ယူ ဆောင်ရွက်ခဲ့ပါသည်။

U Khin Tun
ဦးခင်ထွန်း
ဒါရိုက်တာ - Capital Diamond Star Group
ဥက္ကဌ - Capital Automotive Limited
မန်နေဂျင်း ဒါရိုက်တာ - Premier Automotive Limited

ဦးခင်ထွန်းသည် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ 1984 ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ(B.Sc. Chemistry)  ဘွဲ့ရရှိခဲ့ပြီး မိခင်ဘာသာစကားသာမက တရုတ်၊ ဂျပန်နှင့် အင်္ဂလိပ်တို့ကိုလည်း ကောင်းစွာ ပြောနိုင်ပါသည်။ 2015 ခုနှစ်မှ စတင်၍ ယခုအချိန်တွင် ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၏ အမှုဆောင် ကော်မတီဝင် အဖြစ် ဆောင်ရွက်ခဲ့ပါသည်။ ထို့အပြင် UMFCCI တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုမြှင့်တင်ရေး ကော်မတီအဖွဲ့ဝင်၊ ပြည်တွင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအဖွဲ့ဝင်နှင့် အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီတွင် အဖွဲ့ဝင်အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ သူသည် မြန်မာနိုင်ငံ မော်တော်ကားအသင်း (ASEAN Automotive Federation) ၏ ဒုတိယဥက္ကဋ္ဌ ဖြစ်သည်။လက်ရှိတွင် ဦးခင်ထွန်းသည် Capital Automotive Ltd. နှင့် Capital Motors Ltd. ၏ ဥက္ကဋ္ဌ အဖြစ်လည်းကောင်း Premier Automotive Ltd. ၏ မန်နေဂျင်းဒါရိုက်တာ အဖြစ်လည်းကောင်း လုပ်ငန်းတာဝန်များကို ထမ်းဆောင်လျက် ရှိသည့်အပြင် Capital Diamond Star Group ၏ ဒါရိုက်တာ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပါသည်။

Ma Khin Mar Myint (245x333) OK
ဒေါ်ခင်မာမြင့်
ဒါရိုက်တာ - Capital Diamond Star Group

မခင်မာမြင့်ကို ၁၉၇၂ ခုနှစ်တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့ပြီး ၁၉၉၉ ခုနှစ်တွင် ရန်ကုန်စီးပွားရေး တက္ကသိုလ်မှ ကူးသန်းရောင်းဝယ်ရေးဘွဲ့ (B.Com) ဖြင့် ဘွဲ့ရရှိခဲ့သည်။ သူမသည် 2001 ခုနှစ်တွင် Win Thin &  Associates မှ Certified Public Accountant (CPA) ကို အောင်မြင်ခဲ့သည်။

ထို့နောက် ပင်းတယ ရှိ Travel & Tour Company ၏ Resident Manager အဖြစ် လုပ်ကိုင်ခဲ့သည်။

2005 ခုနှစ်တွင် သူမသည် Capital Diamond Star Group သို့ဝင်ရောက်ခဲ့ပြီး အထူးသဖြင့် ဘဏ္ဍာရေးကဏ္ဍတွင် လုပ်ငန်းအတွေ့အကြုံ 17 နှစ်ကျော်ရှိခဲ့ပြီး ကော်ပိုရိတ်အခွန်များ၊ ဘဏ္ဍာတိုက်များနှင့် ပေးဆောင်ရမည့်စာရင်းများကို စီမံခန့်ခွဲခဲ့သည်။

လက်ရှိတွင် Capital Diamond Star Group ၏ ဘဏ္ဍာရေးအရာရှိချုပ်အဖြစ် လုပ်ကိုင်လျက် ရှိသည့်အပြင် Capital Diamond Star Group ၏ ဒါရိုက်တာ တစ်ဦးအဖြစ်လည်း လုပ်ငန်းတာဝန်များကို ထမ်းဆောင်လျက် ရှိပါသည်။

Ma Khin Mar Myint (245x333) OK
ဒေါ်ခင်မာမြင့်
ဘဏ္ဍာရေးအရာရှိချုပ်
Capital Diamond Star Group

မခင်မာမြင့်ကို ၁၉၇၂ ခုနှစ်တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့ပြီး ၁၉၉၉ ခုနှစ်တွင် ရန်ကုန်စီးပွားရေး တက္ကသိုလ်မှ ကူးသန်းရောင်းဝယ်ရေးဘွဲ့ (B.Com) ဖြင့် ဘွဲ့ရရှိခဲ့သည်။ သူမသည် 2001 ခုနှစ်တွင် Win Thin &  Associates မှ Certified Public Accountant (CPA) ကို အောင်မြင်ခဲ့သည်။

ထို့နောက် ပင်းတယ ရှိ Travel & Tour Company ၏ Resident Manager အဖြစ် လုပ်ကိုင်ခဲ့သည်။

2005 ခုနှစ်တွင် သူမသည် Capital Diamond Star Group သို့ဝင်ရောက်ခဲ့ပြီး အထူးသဖြင့် ဘဏ္ဍာရေးကဏ္ဍတွင် လုပ်ငန်းအတွေ့အကြုံ 17 နှစ်ကျော်ရှိခဲ့ပြီး ကော်ပိုရိတ်အခွန်များ၊ ဘဏ္ဍာတိုက်များနှင့် ပေးဆောင်ရမည့်စာရင်းများကို စီမံခန့်ခွဲခဲ့သည်။

လက်ရှိတွင် Capital Diamond Star Group ၏ ဘဏ္ဍာရေးအရာရှိချုပ်အဖြစ် လုပ်ကိုင်လျက် ရှိသည့်အပြင် Capital Diamond Star Group ၏ ဒါရိုက်တာ တစ်ဦးအဖြစ်လည်း လုပ်ငန်းတာဝန်များကို ထမ်းဆောင်လျက် ရှိပါသည်။

KO YAN PAING SOE (245x333)
ဦးရန်ပိုင်စိုးဦး
Group Chief Commercial Officer
Capital Diamond Star Group

ဦးရန်ပိုင်သည် ရန်ကုန်မြို့တွင် မွေးဖွားခဲ့ပြီး US တွင် ဘွဲ့များ ရရှိခဲ့သည်။ နိုင်ငံရပ်ခြားတွင် နှစ်အနည်းငယ်ကြာ အလုပ်လုပ်ကိုင်ပြီးနောက် မြန်မာနိုင်ငံတွင် လွန်ခဲ့သည့် (၁၀) နှစ်ခန့်က ပြန်လာခဲ့ပြီး မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ရန် ဆုံးဖြတ်ခဲ့သည်။ အစောပိုင်းနှစ်များအတွင်း မြန်မာနိုင်ငံတွင် အကြီးဆုံးလုပ်ငန်းစုတစ်ခုဖြစ်သည့် Capital Diamond Star Group (CDSG) တွင် စီးပွားရေးစီမံခန့်ခွဲမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး တာဝန်ခံအဖြစ် တာဝန်ယူခဲ့သည်။
2013 ခုနှစ်တွင် မြန်မာ့အာမခံဈေးကွက်ကို ပထမဆုံးအကြိမ် ဖြေလျှော့လိုက်သောအခါတွင် ဦးရန်ပိုင်သည် CDSG နှင့် အခြားထင်ရှားသော ရင်းနှီးမြှုပ်နှံသူများနှင့်အတူ ကုမ္ပဏီကို ပူးတွဲတည်ထောင်ခဲ့ပြီး Capital Life Insurance ၏ မန်နေဂျင်းဒါရိုက်တာအဖြစ် တာဝန်ယူခဲ့သည်။ 2019 ခုနှစ်တွင် Capital Life Insurance သည် ဂျပန်နိုင်ငံရှိ အကြီးဆုံး အသက်အာမခံလုပ်ငန်းတစ်ခုဖြစ်သည့် Taiyo Life နှင့် ဖက်စပ်လုပ်ငန်းကို ဖွဲ့စည်းခဲ့ပြီး ဦးရန်ပိုင်သည် အမှုဆောင်အရာရှိချုပ်အဖြစ် တာဝန်ယူခဲ့သည်။
၎င်းသည် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တစ်ဦးအဖြစ် တက်ကြွစွာ ပါဝင်ဆောင်ရွက်ပြီး မြန်မာနိုင်ငံအာမခံအသင်း (MIA) တွင် ဥက္ကဋ္ဌအဖြစ်လည်းကောင်း ထမ်းဆောင်ခဲ့သည်။ စီးပွားရေး၊ ဘဏ္ဍာရေးနှင့် အာမခံလုပ်ငန်း နောက်ခံဖြင့် မြန်မာနိုင်ငံတွင် ငွေကြေးနှင့် အာမခံလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးတွင် ပါဝင်ရန် စိတ်အားထက်သန်သူဖြစ်သည်။

ထို့ပြင် ကိုရန်ပိုင်စိုးဦးသည် Capital Diamond Star Group တွင် Group Chief Commercial Officer အဖြစ်လည်း လုပ်ငန်းတာဝန်များကို ထမ်းဆောင်လျက် ရှိပါသည်။

KO NAY LINN PHYO (245x333)
ဦးနေလင်းဖြိုး
Group Chief Strategy Officer
Capital Diamond Star Group

ဦးနေလင်းဖြိုးသည် ပုံစံမျိုးစုံ လက်လီစီမံခန့်ခွဲမှုတွင် ကျယ်ပြန့်သော အတွေ့အကြုံနှင့် ကျွမ်းကျင်မှုရှိသည့် လက်လီရောင်းချမှုခေါင်းဆောင်ဖြစ်သည်။ သူသည် မွန်ပြည်နယ်၏မြို့တော်ဖြစ်သည့် မော်လမြိုင်တွင် မွေးဖွားခဲ့ပါသည်။ ဦးနေလင်းဖြိုးသည် ၂၀၀၄ ခုနှစ်တွင် ဒဂုံတက္ကသိုလ်မှ စက်မှုဓာတုဗေဒဖြင့် ဘွဲ့ကိုလည်းကောင်း၊ စီမံခန့်ခွဲမှုဆိုင်ရာ ပရော်ဖက်ရှင်နယ် အောင်လက်မှတ်ကို Open University UK မှလည်းကောင်း၊ ယူကေရှိ တက္ကသိုလ်အသီးသီးမှ အခြားလက်လီရောင်းချမှုဆိုင်ရာ အောင်လက်မှတ်တို့ကိုလည်းကောင်း ရရှိခဲ့သည်။

သူသည် UK ရှိ Omni channel လက်လီရောင်းချသူများဖြစ်သည့် John Lewis & Co, Marks & Spencer နှင့် Co-operative တို့အပါအဝင် အသေးစားနှင့် အကြီးစားပုံစံများကြားတွင် ပါဝင်သော ကော်ပိုရိတ်လက်လီအရောင်းကဏ္ဍတွင် အလုပ်လုပ်အတွေ့အကြုံ (၁၃) နှစ်ကျော်ရှိသည်။ သူသည် 2020 ခုနှစ်တွင် CDSG သို့ဝင်ရောက်ခဲ့ပြီး လက်ရှိတွင် Capital Retail Limited, Grab & Go Convenience Limited, Wellington Pharmacy တို့တွင် အမှုဆောင် အရာရှိချုပ်အဖြစ်နှင့် Citizens Pay တွင် တွဲဖက် အမှုဆောင် အရာရှိချုပ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပါသည်။ တစ်ချိန်တည်းမှာပင် CDSG တွင်လည်း Group Chief Strategy Officer အဖြစ် တွဲဖက်လုပ်ဆောင်လျက်ရှိပါသည်။ ထို့အပြင် Myanmar Retailer’s Association တွင် CEC အဖွဲ့ဝင် တစ်ဦးအဖြစ်လည်း လုပ်ငန်းတာဝန်များကို ထမ်းဆောင်လျက် ရှိပါသည်။

KO TUN TUN LIN (245x333)
ဦးထွန်းထွန်းလင်း
Group Chief Digital Officer
Capital Diamond Star Group

ဦးထွန်းထွန်းလင်းသည် CDSG Group ၏ Group Chief Digital Officer ဖြစ်သလို Citizens Pay ၏ အမှုဆောင်အရာရှိချုပ်လည်း ဖြစ်ပါသည်။ ဦးထွန်းထွန်းလင်းသည် CDSG Group အတွက် ရေရှည်ဒစ်ဂျစ်တယ် စီးပွားရေးဗျူဟာကို ဖော်ဆောင်ရန်နှင့် အကောင်အထည်ဖော်ရန်အတွက် တာဝန်ယူ ဆောင်ရွက်လျက်ရှိပါသည်။ CDSG Group သို့မ၀င်ရောက်မီ၊ ဦးထွန်းထွန်းလင်းသည် Oway Group ၏ Group Technology Officer အဖြစ် နည်းပညာဖြင့် အခြေပြုသည့် လုပ်ငန်းများဖြစ်သည့် Oway Travel၊ Oway Ride၊ Oway Fresh၊ Oway Transport နှင့် Oway Pay အစရှိသည့် လုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်စေရန် တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။

VMware Myanmar ၏ Country Manager အဖြစ် 2015 ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိမလာမီတွင် ဦးထွန်းထွန်းလင်းသည် VMware ရုံးချုပ်နှင့် Silicon Valley ရှိ Hewlett-Packard ရုံးချုပ်တွင် ဆယ့်ခုနစ်နှစ်ကြာ နည်းပညာဆိုင်ရာ ဦးဆောင်မှုကဏ္ဍများတွင် လုပ်ကိုင်ခဲ့ပါသည်။ ဦးထွန်းထွန်းလင်းသည် San Jose State University မှ Computer Engineering တွင် Master Degree နှင့် Bachelor’s Degree၊ University of Northampton မှ MBA ဘွဲ့ ရရှိထားသူဖြစ်သည်။ သူသည် စတန်းဖို့ဒ် တက္ကသိုလ်တွင် အဆင့်မြင့် ဆော့ဖ်ဝဲစနစ်များအတွက် ဘွဲ့လွန်သင်တန်းများ နှင့် Santa Clara University တွင် စီးပွားရေးစီမံခန့်ခွဲမှုတို့ကိုလည်း ပြီးမြောက်ခဲ့သည်။ သူသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုနှင့် ငွေကြေးဆိုင်ရာ ပါ၀င်မှုကို စိတ်အားထက်သန်သူဖြစ်သည်။ ဦးထွန်းထွန်းလင်းသည် မြန်မာနိုင်ငံ ဒီဂျစ်တယ် စီးပွားရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းတွင် ဗဟိုအလုပ်အမှုဆောင်အဖြစ်လည်း လုပ်ငန်းတာဝန်များကို ထမ်းဆောင်လျက်ရှိပါသည်။

Ko Htet Oo Hlaing (245x333) OK
ဦးထက်ဦးလှိုင်
Senior Manager – Group Strategy & Business Development
Capital Diamond Star Group

ကိုထက်ဦးလှိုင်သည် လက်ရှိတွင် Capital Diamond Star Group (CDSG) အတွက် လုပ်ငန်းအုပ်စုဆိုင်ရာ မဟာဗျူဟာနှင့် လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး စီနီယာမန်နေဂျာအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပါသည်။ သူသည် CDSG အုပ်စု နှင့် ၎င်း၏ အမျိုးမျိုးသော လုပ်ငန်းဌာနများအတွက် ရေရှည်မဟာဗျူဟာများနှင့် ကော်ပိုရိတ်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများကို ပြုစုရေးဆွဲရာတွင်၊ အပြန်အလှန် ထိန်းညှိရာတွင်၊ အကောင် အထည်ဖော်ရာတွင် ပါဝင်ကူညီပေးပါသည်။ ကိုထက်ဦးလှိုင်ကို မြန်မာနိုင်ငံတောင်ပိုင်းရှိ တနင်္သာရီ တိုင်းဒေသကြီး မြိတ်မြို့တွင် မွေးဖွားခဲ့ပါသည်။ သူသည် University of California, Los Angeles (UCLA) မှ Business Economics ဘွဲ့ကို ရုပ်ရှင်၊ ရုပ်မြင်သံကြားနှင့် ဒစ်ဂျစ်တယ် မီဒီယာ တွဲဖက်ဘာသာရပ်များနှင့်အတူ လေ့လာသင်ယူခဲ့ပါသည်။ ၂၀၂၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံသို့ မပြောင်းရွှေ့မီ UCLA Anderson School of Management တွင် နည်းပညာဆိုင်ရာအတိုင်ပင်ခံအဖြစ် လုပ်ကိုင်ခဲ့ပြီး လက်ရှိတွင် ကုမ္ပဏီကို ရေရှည်တွင် ပိုမို တိုးတက် ကောင်းမွန်စေရန် ဦးဆောင် စီမံခန့်ခွဲလျှက်ရှိပါသည်။

Ma Su Myat Thu (245x333) ok
ဒေါ်ဆုမြတ်သူ
Head of Group Human Resources
Capital Diamond Star Group

ဒေါ်ဆုမြတ်သူဟာ နယ်ပယ်အသီးသီးမှ အတွေ့အကြုံအမျိုးမျိုးရှိသူဖြစ်ပြီး ရှမ်းပြည်နယ် တာချီလိတ်မြို့တွင် မွေးဖွားခဲ့ပါသည်။ သူမသည် နိုင်ငံခြားဘာသာစကားတက္ကသိုလ်မှ ၂၀၁၀ ပြည့်နှစ်တွင် တရုတ်ဘာသာစကားအထူးပြုမေဂျာဖြင့် ဘွဲ့ရရှိခဲ့ပါသည်။ သူမသည် The Southeast Asian Ministers of Education Organization မှ Diploma in English Proficiency နှင့် Diploma in Accounting တို့ကိုလည်း ရရှိခဲ့ပါသည်။

Capital Diamond Star Group သို့ မဝင်ရောက်မီ သူမသည် ခရီးသွားကဏ္ဍတွင် (၃) နှစ် ကြာ နှင့် Recruitment လုပ်ငန်းတစ်ခုတွင် တစ်နှစ်ကြာ လုပ်ကိုင်ပြီး အတွေ့အကြုံများ စုဆောင်းခဲ့ပါသည်။

သူမသည် စက်တင်ဘာလ ၂၀၁၅ ခုနှစ်တွင် Capital Diamond Star Group Limited သို့ဝင်ရောက်ခဲ့ပြီး လူ့စွမ်းအားအရင်းအမြစ်ကဏ္ဍတွင် (၈) နှစ်ကျော်ကြာ တာဝန်ထမ်းဆောင်လျက်ရှိပါသည်။ လက်ရှိတွင် သူမသည် လူ့စွမ်းအားအရင်းအမြစ်ကဏ္ဍ၏ Group Head of Human Resources အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပြီး လူ့စွမ်းအားအရင်းအမြစ်နယ်ပယ်တွင် သူမ၏ကျယ်ပြန့်သောအတွေ့အကြုံများဖြင့် CDSG ၏ လုပ်သားအင်အားစီမံခန့်ခွဲမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် ပံ့ပိုးကူညီချက်ရှိပါသည်။

Ma Su Wai Aung (245x333) OK
ဒေါ်ဆုဝေအောင်
Head of Group Corporate Communications and Service Standard, Capital Diamond Star Group
Head of Communications and Digital Marketing, Branded Consumer Foods, Lluvia Limited
Head of Operations (Café Premier By Premier)

မဆုဝေအောင်သည် Corporate Communications and Public relationship၊ ဒစ်ဂျစ်တယ်ဈေးကွက်ရှာဖွေရေးနှင့် အရောင်းစီမံခန့်ခွဲမှုကဏ္ဍတို့တွင် အခိုင်အမာဦးဆောင်နေသူ တစ်ဦး ဖြစ်ပါသည်။ သူမသည် နည်းပညာတက္ကသိုလ်မှ ၂၀၁၀ ပြည့်နှစ်တွင် Bachelor of Engineering (Mechanical) ဘွဲ့ ရခဲ့ပါသည်။ သူမသည် ယူကေ ရှိ CIE Global ထံမှ Diploma in Professional Secretaryship ၊ TMC Academy မှ Postgraduate Diploma in Management and Leadership Studies နှင့် ယူကေရှိ University of Sunderland မှ ပို့ချသည့် လုပ်ငန်းစီမံခန့်ခွဲမှု (MBA) မဟာဘွဲ့ ရရှိထားသူ တစ်ဦးလည်းဖြစ်ပါသည်။  သူမသည် CDSG တွင် ၂၀၁၁ ခုနှစ်ကတည်းက စတင်လုပ်ကိုင်ခဲ့ပြီး လုပ်ငန်းကဏ္ဍအမျိုးမျိုးတွင် သူမ၏တာဝန်များကို ၁၃နှစ် ကျော်ကြာ ထမ်းဆောင်လျက် ရှိပါသည်။ သူမသည် လက်ရှိတွင် ကုမ္ပဏီ၏ Corporate Communications and Service Standard တွင် အကြီးအကဲအဖြစ် လည်းကောင်း၊ Branded Consumer Foods Business တွင် ဆက်သွယ်ရေးနှင့် ဒစ်ဂျစ်တယ်ဈေးကွက်ရှာဖွေရေး အကြီးအကဲအဖြစ်နှင့် Café Premier By Premier တွင် Head of Operations အဖြစ် တာဝန်ထမ်းဆောင်ကာ ရေရှည်တွင် ပိုမို တိုးတက် ကောင်းမွန်စေရန် ဦးဆောင် စီမံခန့်ခွဲလျက် ရှိပါသည်။

Miss Gwyneth
Miss Gwyneth Gabriel
Head of Group Legal and Corporate Secretary
Capital Diamond Star Group

Miss Gwyneth ကို မလေးရှားနိုင်ငံ Ipoh တွင် မွေးဖွားခဲ့ပြီး University of Leeds မှ ဥပဒေဘွဲ့ကိုလည်းကောင်း၊ University of Nottingham မှ နိုင်ငံတကာ ဆက်ဆံရေး မဟာဘွဲ့ကိုလည်းကောင်း ရရှိခဲ့ပါသည်။ သူမဟာ ဥရောပသမဂ္ဂ မှလည်း General Data Protection Regulation အတွက် အသိအမှတ်ပြုလက်မှတ် ရရှိထားပါသည်။ CDSG သို့ မဝင်ရောက်မီမှာ သူမဟာ မလေးရှားနိုင်ငံရှိ ဆက်သွယ်ရေး လုပ်ငန်းများတွင် (၄) နှစ်ခန့်နှင့် မြန်မာနိုင်ငံရှိ ‌ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းများတွင် (၂) နှစ်ခန့် လုပ်ကိုင်ခဲ့ပါသည်။ Miss Gwyneth သည် CDSG သို့ ၂၀၂၀ ခုနှစ်တွင် စတင်ဝင်ရောက်ခဲ့ပြီး Head of Group Legal and Corporate Secretary အဖြစ် ဥပဒေရေးရာနှင့် အတွင်းဝန်ရေးရာ ကိစ္စရပ်များကို စွမ်းစွမ်းတမံ ဆောင်ရွက်လျက် ရှိပါသည်။

Ko Nay Myo Tun (245x333) OK
ဦးနေမျိုးထွန်း
Head of Group Internal Audit, Risk and Compliance
Capital Diamond Star Group

ကိုနေမျိုးထွန်းသည် CDSG Group (Capital Diamond Star Group) ၏ Internal Audit၊ Risk and Compliance ဌာန ၏ အကြီးအကဲဖြစ်သည်။ ကိုနေမျိုးထွန်းကို ရန်ကုန်တွင် မွေးဖွားပြီး ၂၀၀၂ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ရူပဗေဒဂုဏ်ထူးတန်းကို တက်ရောက်အောင်မြင်ခဲ့ပြီး သိပ္ပံဘွဲ့ ရရှိခဲ့သည်။ ၂၀၁၀ ပြည့်နှစ်တွင် ယူကေရှိ Oxford Brookes University မှ Bachelor of Science in Applied Accounting with Honors ဘွဲ့ကို ရရှိခဲ့ပါသည်။ သူသည် စင်္ကာပူနိုင်ငံတွင် စာရင်းစစ်ခြင်း၊ လုပ်ငန်းအန္တရာယ်ရှိနိုင်ခြေများနှင့် ဘဏ္ဍာရေးအစီရင်ခံခြင်းဆိုင်ရာ လုပ်ငန်း အတွေ့အကြုံ (၁၁) နှစ်ကျော်ရှိသူတစ်ဦးလည်း ဖြစ်ပါသည်။ သူသည် ၂၀၂၁ ခုနှစ်တွင် Capital Diamond Star Group သို့ဝင်ရောက်ခဲ့ပြီး CDSG Group ၏ internal control system ၊ risk management system နှင့် compliance တို့ကို အားကောင်းလာစေရန်အတွက် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်ခဲ့ပါသည်။ သူသည် သူ၏ နည်းပညာဆိုင်ရာ အသိပညာ၊ ကျွမ်းကျင်မှုနှင့် အတွေ့အကြုံများအား ပေါင်းစပ်ပြီး CDSG ၏ သက်ဆိုင်ရာ Auditing နှင့် Risk Management လုပ်ငန်းဆောင်တာများအား ရေရှည်တွင် ပိုမို တိုးတက် ကောင်းမွန်စေရန် ဦးဆောင် စီမံခန့်ခွဲလျှက် ရှိပါသည်။

Ma Chaw Kalayar Aye (245x333)
ဒေါ်ချောကလျာအေး
အကြံပေးအရာရှိ
Lluvia Limited (Wheat Flour, Agribusiness နှင့် Branded Consumer Foods)

မချောကလျာအေးကို မွန်ပြည်နယ်၏ မြို့တော်ဖြစ်သော မော်လမြိုင်မြို့တွင် မွေးဖွားခဲ့ပြီး စီးပွားရေးတက္ကသိုလ်မှ စီးပွားကူးသန်းဘွဲ့ကို ရရှိခဲ့ပါသည်။ ထို့အပြင် CPA နှင့် DPL လက်မှတ်များကိုလည်း ရရှိခဲ့ပါသည်။ မချောကလျာအေးဟာ FMCG အပါအဝင် ကဏ္ဍအသီးသီးတွင် လုပ်ငန်းအတွေ့အကြုံ ၂၃ နှစ်ခန့် ရှိပါသည်။
သူမဟာ Capital Diamond Star Group ကို ၂၀၀၃ ခုနှစ်တွင် စတင်ဝင်ရောက်ခဲ့ပြီး Wheat Flour, Agribusiness နှင့် Branded Consumer Foods လုပ်ငန်းများအတွက် အကြံပေးအဖြစ် လုပ်ကိုင်လျက် ရှိပါသည်။

Ma Thin Thin Soe (245x333) OK
ဒေါ်သင်းသင်းစိုး
Chief Executive Officer
Lluvia Limited (Wheat Flour)

ဒေါ်သင်းသင်းစိုးကို မြန်မာနိုင်ငံတွင် အကြီးဆုံးမြို့ဖြစ်ပြီး နိုင်ငံ၏ စက်မှုနှင့် စီးပွားရေး အချက်အချာကျသော ရန်ကုန်မြို့တွင် မွေးဖွားခဲ့ပါသည်။ ၂၀၀၄ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်မှ  စီးပွားရေး စီမံခန့်ခွဲမှု ဘွဲ့ရရှိခဲ့ပြီး Chartered Certified Accountant အဖြစ် ACCA နှင့် CPA (Singapore) တို့မှ ဘွဲ့လွန်ဒီပလိုမာများ ထပ်မံရရှိခဲ့ပါသည်။

သူမသည် ကုန်ထုတ်လုပ်မှု၊ လက်လီနှင့် ကုန်သွယ်‌ရေးကဏ္ဍများတွင်  လုပ်ငန်းအတွေ့အကြုံ (၁၀) နှစ် ကျော် ရှိခဲ့ပါသည်။ သူမသည် Wheat Flour Business Unit တွင် ၂၀၁၆ ခုနှစ်မှ စတင်၍ ဘဏ္ဍာရေး မန်နေဂျာအဖြစ် Lluvia Limited (Capital Diamond Star Group) သို့ ဝင်ရောက်ခဲ့သည်။ (၃) နှစ်အကြာ လက်ရှိတွင် Wheat Flour Business Unit ၏ CEO အဖြစ် စီမံကွပ်ကဲလျက်ရှိပါသည်။ Wheat Flour Business Unit ၏ CEO အဖြစ်အပြင် UMFCCI ၏ အလုပ်အမှုဆောင် အဖွဲ့ဝင် တစ်ဦးအဖြစ်လည်းကောင်း၊  Myanmar Wheat Association ၏ အထွေထွေ အတွင်းရေးမှူးအဖြစ်လည်းကောင်း တာဝန်များ ထမ်းဆောင်လျက်ရှိပါသည်။

Ma Kalayar Yee Mon (245x333) OK
ဒေါ်ကလျာရည်မွန်
အမှုဆောင် အရာရှိချုပ်
Lluvia Limited (Branded Consumer Foods)

မကလျာရည်မွန်ကို မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင် မွေးဖွားခဲ့ပါသည်။ သူမသည် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ စီးပွားရေးအထူးပြုဘွဲ့ရရှိခဲ့ပါသည်။ သူမသည် FCCA (UK), CPA စင်ကာပူ ၊ CPA သြစတြေးလျ၊ မဲလ်ဘုန်းရှိ Victoria University မှ Master of Business in ERP Systems, Melbourne မဟာဘွဲ့တို့ကို ရရှိ အောင်မြင်ခဲ့ပါ သည်။ သူမသည် FMCG တွင် လုပ်သက် (၁၁) နှစ် အပါအဝင် စင်္ကာပူနိုင်ငံနှင့် မြန်မာနိုင်ငံရှိ လုပ်ငန်းကဏ္ဍအမျိုးမျိုးတွင် (၁၉) နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပါသည်။ သူမ၏ အဓိက အားသာချက်များဖြစ် သည့် accounting, internal control နှင့် risk management ကိစ္စရပ်များအတွက် လက်တွေ့ကျသော စီးပွားရေးအရ ဖြေရှင်းနည်းများကို တင်ပြနိုင်ခြင်း၊ cash flow စီမံခန့်ခွဲခြင်းနှင့် လုပ်ငန်းစဉ်များ ထည့်သွင်းခြင်းတို့သည် Branded Consumer Foods Business Unit ကို ဖွံ့ဖြိုးတိုးတက်လာစေပါသည်။ လက်ရှိတွင် သူမသည် အဆိုပါ ဌာနခွဲကို ရေရှည်တွင် ပိုမိုတိုးတက်ကောင်းမွန်စေရန် ဦးဆောင် စီမံခန့်ခွဲလျက် ရှိပါသည်။ ထို့ပြင် မကလျာရည်မွန်သည် မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းတွင် ဗဟိုအလုပ်အမှုဆောင်အဖြစ် လုပ်ငန်းတာဝန်များကို ထမ်းဆောင်လျက်ရှိပါသည်။

MR. AMITAB (245x333)
Mr. Amitab Duggal
အမှုဆောင် အရာရှိချုပ် – Sar Taw Kal Noodle Company Limited (Instant Noodle)
ဒုတိယဥက္ကဌ – JDS Co., Ltd (Healthcare Business)

Mr. Amitab Duggal ဟာ အိန္ဒိယနိုင်ငံ IIT မှ ၁၉၈၇ ခုနှစ်တွင် Biochemical Engineering ဘွဲ့ကိုလည်းကောင်း သြစးလျနိုင်ငံမှ Degree in Engineering ဘွဲ့ နှင့် Diploma in Management ဘွဲ့တို့ကိုလည်းကောင်း ရရှိခဲ့ပါသည်။ Mr. Amitab Duggal သည် ဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီဖြစ်သော Pfizer ကုမ္ပဏီ၌ အိန္ဒိယနိုင်ငံ၊ သြစတြေးလျနိုင်ငံနှင့် တရုတ်နိုင်ငံ ဂွမ်တုန်းမြို့တို့တွင် အလုပ်လုပ်ကိုင်ခဲ့ပါသည်။ ထို့နောက် Mr. Amitab Duggal သည် UK MNC တစ်ခုဖြစ်သော Associated British Foods ကုမ္ပဏီတွင် သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့၊ တရုတ်နိုင်ငံရှိ Harbin နှင့် Guangdong မြို့များနှင့် ဗီယက်နမ်နိုင်ငံတို့တွင် ‌ရွှေ့ပြောင်း တာဝန်ထမ်းဆောင်ခဲ့ပြီး Operation Director အဖြစ်မှ ရာထူးအဆင့်ဆင့်တက်ကာ General Director of Business အထိ ရာထူးအမျိုးမျိုးဖြင့် (၁၂) နှစ်ခန့် လုပ်ကိုင်ခဲ့ပါသည်။

Ma Hnin Hnin Khaing (245x333) OK
ဒေါ်နှင်းနှင်းခိုင်
အမှုဆောင် အရာရှိချုပ်
JDS Co., Ltd (Healthcare Business)

မနှင်းနှင်းခိုင်ကို မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့တွင် မွေးဖွားခဲ့ပါသည်။ သူမသည် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ စီးပွားရေးအထူးပြုဘွဲ့ရရှိခဲ့ပြီး Myanmar Institute of Certified Public Accountant (MICPA) အသိအမှတ်ပြု CPA (Certified Public Accountant) တစ်ဦး အပြည့်အ၀ ဖြစ်လာစေရန် ဆက်လက်ပညာဆည်းပူးခဲ့ပါသည်။ သူမသည် ကုန်သွယ်မှုလုပ်ငန်းတွင် စာရင်းကိုင်ချုပ် တစ်ဦးအဖြစ် အသက်မွေးဝမ်းကြောင်းပြုကာ Corporate Sector တွင် နှစ်ပေါင်း (၂၀) ကျော် အတွေ့ အကြုံရှိသူဖြစ်သည်။ သူမသည် Capital Diamond Star Group (CDSG) Company တွင် (၁၂) နှစ်ကျော် လုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး ဘဏ္ဍာရေးဆိုင်ရာ ရာထူးအသီးသီးကို ရယူခဲ့ကာ Finance & Supply Chain တွင် Deputy General Manager ဟူသည့် ဦးဆောင်ဦးရွက်ပြုရသည့် ရာထူးသို့ တက်လှမ်းခဲ့ပါသည်။ သူမသည် JDS Co., Ltd ၏ အမှုဆောင် အရာရှိချုပ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပြီး အာရှနိုင်ငံအမျိုးမျိုးမှ ဆေးထုတ်လုပ်ရေးကုမ္ပဏီများနှင့် ပူးပေါင်းလုပ်ဆောင်ပြီး JDS Co., Ltd အား ရေရှည်တွင် ပိုမိုတိုးတက် ကောင်းမွန်စေရန် ဦးဆောင် စီမံခန့်ခွဲလျက်ရှိပါသည်။

Ma Tin Soe Thu (245x333) ok
ဒေါ်တင်စိုးသူ
အမှုဆောင် အရာရှိချုပ်
Aventine Limited (Agribusiness)

မတင်စိုးသူသည် စီးပွားရေးဌာနခွဲ၊ စိုက်ပျိုးရေးလုပ်ငန်း၊ Aventine Ltd. (CDSG အဖွဲ့ဝင်) ၏ အမှုဆောင် အရာရှိချုပ်အဖြစ် တာဝန်ထမ်းဆောင်လျက် ရှိပါသည်။ သူမကို မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင် မွေးဖွားခဲ့ပါသည်။ ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် Master of Research in Engineering Physics ကို ရရှိခဲ့ပါသည်။ သူမသည် ကုန်ထုတ်လုပ်မှုနှင့် ကုန်သွယ်မှု ကဏ္ဍနှစ်ခုစလုံးတွင် လုပ်ငန်းအတွေ့အကြုံ (၁၈) နှစ်ရှိပါသည်။ သူမသည် Capital Diamond Star Group (CDSG) တွင် Senior Finance Manager အဖြစ် ၂၀၁၈ ခုနှစ်မှ စတင် ပြီး ဝင်ရောက်လုပ်ကိုင်ခဲ့ပါသည်။ သူမသည် ၂၀၁၈ ခုနှစ် တွင် CDSG သို့ မဝင်ရောက်မီ ရန်ကုန်တွင် ကုန်သွယ်မှုကဏ္ဍတွင် (၈) နှစ် နှင့် စင်ကာပူနိုင်ငံ၏ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် (၁၀) နှစ်ကြာ လုပ်ကိုင်ခဲ့ပါ သည်။ သူမသည် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ (၁) ရက်နေ့တွင် Operations in Agribusiness ၏ Vice President အဖြစ် ရာထူးတိုးလာခဲ့ပါသည်။ သူမသည် ကုန်အမှတ်တံဆိပ်၊ အရောင်း၊ ဈေးကွက်ရှာဖွေရေးနှင့် လုပ်ငန်းလည်ပတ်မှုများ လုပ်ဆောင်ပြီး Agribusiness အား ရေရှည်တွင် ပိုမိုတိုးတက်ကောင်းမွန်စေရန် ဦးဆောင် စီမံခန့်ခွဲလျက် ရှိပါသည်။

Ma Myintzu Zaw(245x333) OK
ဒေါ်မဉ္ဇူဇော်
Chief Executive Officer of Agri Export Business - Aventine Limited (Agribusiness)
Senior Vice President - Supply Chain (Capital Diamond Star Group)

ဒေါ်မဉ္ဇူဇော်သည် အဖွဲ့အစည်းကို ပိုမိုကောင်းမွန်တိုးတက်စေရန်အတွက် Supply Chain Management ဖြေရှင်းနည်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် တတ်စွမ်းသမျှ အားထုတ်ကြိုးပမ်းသည့် စိတ်အား ထက်သန်ပြီး ထက်မြက်သော ခေါင်းဆောင်တစ်ဦးဖြစ်ပါသည်။ သူမကို ရန်ကုန်မြို့တွင် မွေးဖွားခဲ့ပြီး ရန်ကုန် တက္ကသိုလ်မှ သင်္ချာဘာသာအထူးပြုဖြင့် သိပ္ပံဘွဲ့ ရရှိထားသူဖြစ်ပါသည်။ ထို့အပြင် ရန်ကုန် စီးပွားရေးတက္ကသိုလ်မှ လုပ်ငန်းစီမံခန့်ခွဲမှုမဟာဘွဲ့ (MBA) ကိုလည်း ၂၀၀၃ ခုနှစ်တွင် ရရှိခဲ့ပါသည်။ ၂၀၁၇ ခုနှစ်တွင် Capital Diamond Star Group (CDSG) သို့ဝင်ရောက်ခဲ့ပြီး Supply Chain Management နယ်ပယ်တွင် (၅) နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ Supply Chain Management ၏ Senior Vice President အဖြစ်‌သော်လည်းကောင်း Agri Export Business ၏ အမှုဆောင်အရာရှိချုပ် အဖြစ်လည်းကောင်း ဆောင်ရွက်လျက်ရှိပြီး လက်ရှိတွင် သူမသည် ဤဌာနခွဲနှင့်ပတ်သက်သည့် လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အားလုံးကို ကုမ္ပဏီ၏ ရည်မှန်းချက်များနှင့် ကိုက်ညီမှုရှိစေရန် တာဝန်ခံ လုပ်ဆောင်ကာ ရေရှည်တွင် ပိုမို တိုးတက် ကောင်းမွန်စေရန် ဦးဆောင် စီမံခန့်ခွဲလျက် ရှိပါသည်။

KO NAY LINN PHYO (245x333)
ဦးနေလင်းဖြိုး
အမှုဆောင် အရာရှိချုပ်
The Capital Retail Limited and G and G Limited (Retail Cluster)
Co-Chief Executive Officer
Capital Connect Limited (Citizens Pay - Fintech)

ဦးနေလင်းဖြိုးသည် ပုံစံမျိုးစုံ လက်လီစီမံခန့်ခွဲမှုတွင် ကျယ်ပြန့်သော အတွေ့အကြုံနှင့် ကျွမ်းကျင်မှုရှိသည့် လက်လီရောင်းချမှုခေါင်းဆောင်ဖြစ်သည်။ သူသည် မွန်ပြည်နယ်၏မြို့တော်ဖြစ်သည့် မော်လမြိုင်တွင် မွေးဖွားခဲ့ပါသည်။ ဦးနေလင်းဖြိုးသည် ၂၀၀၄ ခုနှစ်တွင် ဒဂုံတက္ကသိုလ်မှ စက်မှုဓာတုဗေဒဖြင့် ဘွဲ့ကိုလည်းကောင်း၊ စီမံခန့်ခွဲမှုဆိုင်ရာ ပရော်ဖက်ရှင်နယ် အောင်လက်မှတ်ကို Open University UK မှလည်းကောင်း၊ ယူကေရှိ တက္ကသိုလ်အသီးသီးမှ အခြားလက်လီရောင်းချမှုဆိုင်ရာ အောင်လက်မှတ်တို့ကိုလည်းကောင်း ရရှိခဲ့သည်။

သူသည် UK ရှိ Omni channel လက်လီရောင်းချသူများဖြစ်သည့် John Lewis & Co, Marks & Spencer နှင့် Co-operative တို့အပါအဝင် အသေးစားနှင့် အကြီးစားပုံစံများကြားတွင် ပါဝင်သော ကော်ပိုရိတ်လက်လီအရောင်းကဏ္ဍတွင် အလုပ်လုပ်အတွေ့အကြုံ (၁၃) နှစ်ကျော်ရှိသည်။ သူသည် 2020 ခုနှစ်တွင် CDSG သို့ဝင်ရောက်ခဲ့ပြီး လက်ရှိတွင် Capital Retail Limited, Grab & Go Convenience Limited, Wellington Pharmacy တို့တွင် အမှုဆောင် အရာရှိချုပ်အဖြစ်နှင့် Citizens Pay တွင် တွဲဖက် အမှုဆောင် အရာရှိချုပ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပါသည်။ တစ်ချိန်တည်းမှာပင် CDSG တွင်လည်း Group Chief Strategy Officer အဖြစ် တွဲဖက်လုပ်ဆောင်လျက်ရှိပါသည်။ ထို့အပြင် Myanmar Retailer’s Association တွင် CEC အဖွဲ့ဝင် တစ်ဦးအဖြစ်လည်း လုပ်ငန်းတာဝန်များကို ထမ်းဆောင်လျက် ရှိပါသည်။

KO TUN TUN LIN (245x333)
ဦးထွန်းထွန်းလင်း
အမှုဆောင် အရာရှိချုပ်
Capital Connect Limited (Citizens Pay - Fintech)

ဦးထွန်းထွန်းလင်းသည် Citizens Pay ၏ အမှုဆောင်အရာရှိချုပ် ဖြစ်သလို CDSG Group ၏ Group Chief Digital Officer လည်း ဖြစ်ပါသည်။ ဦးထွန်းထွန်းလင်းသည် CDSG Group အတွက် ရေရှည်ဒစ်ဂျစ်တယ် စီးပွားရေးဗျူဟာကို ဖော်ဆောင်ရန်နှင့် အကောင်အထည်ဖော်ရန်အတွက် တာဝန်ယူ ဆောင်ရွက်လျက်ရှိပါသည်။ CDSG Group သို့မ၀င်ရောက်မီ၊ ဦးထွန်းထွန်းလင်းသည် Oway Group ၏ Group Technology Officer အဖြစ် နည်းပညာဖြင့် အခြေပြုသည့် လုပ်ငန်းများဖြစ်သည့် Oway Travel၊ Oway Ride၊ Oway Fresh၊ Oway Transport နှင့် Oway Pay အစရှိသည့် လုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်စေရန် တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။

VMware Myanmar ၏ Country Manager အဖြစ် 2015 ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိမလာမီတွင် ဦးထွန်းထွန်းလင်းသည် VMware ရုံးချုပ်နှင့် Silicon Valley ရှိ Hewlett-Packard ရုံးချုပ်တွင် ဆယ့်ခုနစ်နှစ်ကြာ နည်းပညာဆိုင်ရာ ဦးဆောင်မှုကဏ္ဍများတွင် လုပ်ကိုင်ခဲ့ပါသည်။ ဦးထွန်းထွန်းလင်းသည် San Jose State University မှ Computer Engineering တွင် Master နှင့် Bachelor’s Degrees နှင့် University of Northampton မှ MBA ရရှိထားသူဖြစ်သည်။ သူသည် စတန်းဖို့ဒ် တက္ကသိုလ်တွင် အဆင့်မြင့် ဆော့ဖ်ဝဲစနစ်များအတွက် ဘွဲ့လွန်သင်တန်းများ နှင့် Santa Clara University တွင် စီးပွားရေးစီမံခန့်ခွဲမှုတို့ကိုလည်း ပြီးမြောက်ခဲ့သည်။ သူသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုနှင့် ငွေကြေးဆိုင်ရာ ပါ၀င်မှုကို စိတ်အားထက်သန်သူဖြစ်သည်။ ဦးထွန်းထွန်းလင်းသည် မြန်မာနိုင်ငံ ဒီဂျစ်တယ် စီးပွားရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းတွင် ဗဟိုအလုပ်အမှုဆောင်အဖြစ်လည်း လုပ်ငန်းတာဝန်များကို ထမ်းဆောင်လျက်ရှိပါသည်။

KO YAN PAING SOE (245x333)
ဦးရန်ပိုင်စိုးဦး
အမှုဆောင် အရာရှိချုပ်
Capital Taiyo Life Insurance Limited (Life Insurance)

ဦးရန်ပိုင်သည် ရန်ကုန်မြို့တွင် မွေးဖွားခဲ့ပြီး US တွင် ဘွဲ့များ ရရှိခဲ့သည်။ နိုင်ငံရပ်ခြားတွင် နှစ်အနည်းငယ်ကြာ အလုပ်လုပ်ကိုင်ပြီးနောက် မြန်မာနိုင်ငံတွင် လွန်ခဲ့သည့် (၁၀) နှစ်ခန့်က ပြန်လာခဲ့ပြီး မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ရန် ဆုံးဖြတ်ခဲ့သည်။ အစောပိုင်းနှစ်များအတွင်း မြန်မာနိုင်ငံတွင် အကြီးဆုံးလုပ်ငန်းစုတစ်ခုဖြစ်သည့် Capital Diamond Star Group (CDSG) တွင် စီးပွားရေးစီမံခန့်ခွဲမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး တာဝန်ခံအဖြစ် တာဝန်ယူခဲ့သည်။
2013 ခုနှစ်တွင် မြန်မာ့အာမခံဈေးကွက်ကို ပထမဆုံးအကြိမ် ဖြေလျှော့လိုက်သောအခါတွင် ဦးရန်ပိုင်သည် CDSG နှင့် အခြားထင်ရှားသော ရင်းနှီးမြှုပ်နှံသူများနှင့်အတူ ကုမ္ပဏီကို ပူးတွဲတည်ထောင်ခဲ့ပြီး Capital Life Insurance ၏ မန်နေဂျင်းဒါရိုက်တာအဖြစ် တာဝန်ယူခဲ့သည်။ 2019 ခုနှစ်တွင် Capital Life Insurance သည် ဂျပန်နိုင်ငံရှိ အကြီးဆုံး အသက်အာမခံလုပ်ငန်းတစ်ခုဖြစ်သည့် Taiyo Life နှင့် ဖက်စပ်လုပ်ငန်းကို ဖွဲ့စည်းခဲ့ပြီး ဦးရန်ပိုင်သည် အမှုဆောင်အရာရှိချုပ်အဖြစ် တာဝန်ယူခဲ့သည်။
၎င်းသည် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တစ်ဦးအဖြစ် တက်ကြွစွာ ပါဝင်ဆောင်ရွက်ပြီး မြန်မာနိုင်ငံအာမခံအသင်း (MIA) တွင် ဥက္ကဋ္ဌအဖြစ်လည်းကောင်း ထမ်းဆောင်ခဲ့သည်။ စီးပွားရေး၊ ဘဏ္ဍာရေးနှင့် အာမခံလုပ်ငန်း နောက်ခံဖြင့် မြန်မာနိုင်ငံတွင် ငွေကြေးနှင့် အာမခံလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးတွင် ပါဝင်ရန် စိတ်အားထက်သန်သူဖြစ်သည်။

ထို့ပြင် ကိုရန်ပိုင်စိုးဦးသည် Capital Diamond Star Group တွင် Chief Commercial Officer အဖြစ်လည်း လုပ်ငန်းတာဝန်များကို ထမ်းဆောင်လျက် ရှိပါသည်။

Untitled design - 1
ဒေါ်သွယ်သွယ်မိုး
Senior Vice President (R&D, Manufacturing and Engineering)
Lluvia Limited (Food Cluster)

မသွယ်သွယ်မိုးကို ရန်ကုန်မြို့တွင် မွေးဖွားခဲ့ပြီး ရန်ကုန် တက္ကသိုလ်မှ သိပ္ပံဘွဲ့ (စက်မှုဓာတုဗေဒ) နှင့် အစားအသောက် နည်းပညာ ဒီပလိုမာဘွဲ့ ရရှိခဲ့ပါသည်။ သူမသည် Capital Diamond Star Group (CDSG) သို့ ဝင်ရောက်ခဲ့ပြီး Quality control နှင့် Quality insurance manager ၊ factory manager ၊ Head of Manufacturing in wheat flour milling ထို့နောက် Facilities Management နှင့် သုတေသနနှင့် ဖွံ့ဖြိုးရေး (R&D) အကြီးအကဲအဖြစ် အဓိကကျသော စီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှုရာထူးကို ထမ်းဆောင်လျက်ရှိသည့် လုပ်ငန်းအတွေ့အကြုံ (၂၃) နှစ်ကျော်ရှိသူ တစ်ဦးဖြစ်သည်။ သူမသည် Facilities Management နှင့် R&D တွင် Senior Vice President ရာထူးကို ထမ်းဆောင်နေပါသည်။ သူမသည် အရည်အသွေး၊ ဘေးကင်းမှုနှင့် ပတ်ဝန်းကျင် စံချိန်စံညွှန်းများကို ထိန်းသိမ်းသည့် လုပ်ငန်းများလုပ်ဆောင်ပြီး Lluvia Facilities Management နှင့် R&D ဆိုင်ရာ လုပ်ငန်းဆောင်တာများအား ရေရှည်တွင် ပိုမိုတိုးတက်ကောင်းမွန်စေရန် ဦးဆောင် စီမံခန့်ခွဲလျက် ရှိပါသည်။

Ma Thit Thit Han EP (245x333) ok
ဒေါ်သစ်သစ်ဟန်
Head of Business Unit
Capital Development Limited (Real Estate)

မသစ်သစ်ဟန်သည် ရန်ကုန်စီးပွားရေးတက္ကသိုလ် မှ Bachelor of Commerce နှင့် ယူကေရှိ Oxford Brookes University မှ Bachelor of Science (Hons) in Accounting ၊ University of Sunderland မှ လုပ်ငန်းစီမံခန့်ခွဲမှုမဟာဘွဲ့ (MBA) နှင့် ABE မှ Diploma in Banking ၊ စင်္ကာပူရှိ TMC Academy မှ Post Graduate Diploma in Management Studies and Leadership နှင့် ရန်ကုန် တက္ကသိုလ်မှ Diploma in Business Law တို့ကို ရရှိခဲ့ပါသည်။ မသစ်သစ်ဟန်သည် CDSG သို့မဝင်ရောက်မီ နိုင်ငံခြားတွင် အတွေ့အကြုံ (၈) နှစ်ကျော်နှင့် မြန်မာနိုင်ငံတွင် (၉နှစ်ကျော်) CDSG တွင် (၆) နှစ်ကျော်ဖြင့် အရေးပါသောရာထူးများတွင် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ သူမသည် Real Estate Capital Development Limited ၏ Head of Business Unit ဖြစ်ပြီး လက်ရှိတွင် ကုမ္ပဏီ၏ ရည်မှန်းချက်များ ပြည့်မီစေရန် လုပ်ငန်းကဏ္ဍဌာနခွဲ (Business Unit) ကို အောင်မြင်စွာ လည်ပတ်ကာ ရေရှည်တွင် ပိုမိုတိုးတက်ကောင်းမွန်စေရန် ဦးဆောင် စီမံ ခန့်ခွဲလျက် ရှိပါသည်။

target
ကျွန်ုပ်တို့၏ရည်မှန်းချက်

ကျွန်ုပ်တို့၏ရည်မှန်းချက်မှာ ကျွန်ုပ်တို့၏ဖောက်သည်များအား ကမ္ဘာ့အဆင့်မီ အရည်အသွေးမြင့် ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ပေးဆောင်ခြင်းဖြင့် ကျွန်ုပ်တို့၏ စျေးကွက်နယ်ပယ်များတွင် အကောင်းဆုံးအဖြစ် ထိန်းသိမ်းထားရန်ဖြစ်ပါသည်။

ကျွန်ုပ်တို့သည် သိသာထင်ရှားသော အသိပညာနှင့် ကျွမ်းကျင်မှုများကို ဖြန့်ဝေပေးသည့်အပြင် ကျွန်ုပ်တို့၏ဝန်ထမ်းများအား ထိုက်တန်သော အလုပ်အကိုင်များကို ဖန်တီးပေး လျက်ရှိပါသည်။

နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုရန်နှင့် တစ်ချိန်တည်းမှာပင် ကုမ္ပဏီအတွက် သိသာထင်ရှားသော အကျိုးကျေးဇူးများရရှိစေရန် လူမှုအဖွဲ့အစည်းအတွက် အကောင်းဆုံးသော ဝန်ဆောင်မှုပေးနိုင်သည့် လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ပါသည်။

monitoring
ကျွန်ုပ်တို့၏အမြင်

Capital Diamond Star Group သည် ဖောက်သည်များ ၏ စိတ်တွင် ပထမဆုံးသော ရွေးချယ်မှုဖြစ်လာစေရန်နှင့် မြန်မာနိုင်ငံနှင့် ဒေသတွင်းဈေးကွက်နှစ်ခုလုံးအတွက် အရည်အသွေး ကောင်းမွန်သော ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ပံ့ပိုးပေးရာတွင် ကမ္ဘာ့ထိပ်တန်းရောင်းချသူ ပါတနာအဖြစ် တည်ရှိစေရန် မျှော်မှန်းထားရှိပါသည်။

ကျွန်ုပ်တို့သည် ဖောက်သည်ဝန်ဆောင်မှုများကို အာရုံထားသော၊ ရပ်ရွာနှင့်ပတ်ဝန်းကျင်အပေါ် ဝန်ဆောင်မှုများဆောင်ရွက်ရာ တွင် ဂရုစိုက်မှုရှိသော တာဝန်သိဝန်ထမ်းများကို မွေးထုတ်ပေးခြင်းဖြင့် Corporate Culture တစ်ခုကို ဖော်ဆောင်လျက်ရှိပါသည်။

ကျွန်ုပ်တို့ ဖောက်သည်များ၏အောင်မြင်မှု၊ အစုရှယ်ယာရှင်များ အားလုံး၏တိုးတက်မှုများဖြင့် ကျွန်ုပ်တို့၏ ကြိုးပမ်းအားထုတ်မှုများသည် အဓိကကျသော အခန်းကဏ္ဍမှ နေ၍ မြန်မာနိုင်ငံအား ကမ္ဘာ့စီးပွားရေးအသိုက်အဝန်းတွင် မြှင့်တင်ပေးနိုင်မည်ဖြစ်ပါသည်။

diamond
Core Values

ကောင်းအောင်လုပ်ပါ၊ မှန်ကန်စွာလုပ်ပါ။

စွမ်းအားမြှင့်အဖွဲ့အစည်း

အကျိုးရရှိမှုကို ကျော်လွန်၍

ပံ့ပိုးမှုနှင့် စိန်ခေါ်မှုနည်းလမ်း

သမာဓိ

အကောင်းဘက်မှ စဥ်းစားပါ သို့သော် ဆုံးရှူံးနိုင်ချေရှိတာကို သတိပြုပါ

ငါတို့မသိတဲ့အရာကို ငါတို့မသိဘူး

ရိုသေလေးစားအသိအမှတ်ပြုမှု

ကျေးဇူးတင်‌လေးမြတ်မှု

Awards
Global Growth Company (GGC)
economic-photo

၂၀၁၄ ခုနှစ် မေလ ၂၀ ရက်နေ့တွင် Capital Diamond Star Group (“CDSG“) သည် World Economic Forum (The Forum) မှ Global Growth Company (“GGC”) အဖြစ် မြန်မာနိုင်ငံ၏ ပထမဦးဆုံး သောကုမ္ပဏီအဖြစ် ဂုဏ်ယူဖွယ် အသိအမှတ်ပြုရွေးချယ်ခံရပါသည်။

Forum’s Community of Global Growth Companies သည် ကမ္ဘာတစ်ဝှမ်းရှိ အတက်ကြွဆုံး တိုးတက်မှုအမြင့်မားဆုံးကုမ္ပဏီများဖြင့် ဖွဲ့စည်းထားပါသည်။ ကမ္ဘာ့အခြေအနေ တိုးတက်ကြီးပွားအောင် လုပ်ဆောင်ပေးနိုင်မည့် ဖန်တီးပုံဖော်နိုင်သူများနှင့် ဆန်းသစ်တီထွင်သူများ မှ ဦးဆောင်ပုံဖော်လျက်ရှိပြီး လက်ရှိ နိုင်ငံပေါင်း 70 မှ အဖွဲ့ဝင်ပေါင်း 360 ကျော်ဖြင့် ပါဝင်ဖွဲ့စည်းထားပါသည်။ အဖွဲ့ဝင်တစ်ခုစီတွင် ၎င်းတို့၏ လုပ်ငန်းပုံစံများ၊ တိုးတက်မှုမှတ်တမ်းများ၊ ခေါင်းဆောင်မှုနှင့် ၎င်းတို့ဝန်ဆောင်လျက်ရှိသော စျေးကွက်များစွာဖြင့် ကမ္ဘာ့စီးပွားရေးကို ခေါင်းဆောင်လျက်ရှိသော အဖွဲ့အစည်းဟု ဆိုနိုင်ပါသည်။

“Community of Global Growth Companies” သို့ ဝင်ရောက်သူများအား ရွေးချယ်ရာတွင် ကုမ္ပဏီများ၏လုပ်ငန်းပုံစံ၊ နှစ်စဉ်ဝင်ငွေနှင့် တိုးတက်မှုနှုန်း၊ အမှုဆောင်ခေါင်းဆောင်မှုနှင့် စျေးကွက်အနေအထားများအား အခြေခံကာ အဓိကထားဆုံးဖြတ်ကြပါသည်။

Capital Diamond Star Group အား သက်ဆိုင်ရာ စီးပွားရေးကဏ္ဍများရဲ့ အနာဂတ်တိုးတက်မှုအား ပုံဖော်ရာတွင် သိသာထင်ရှားသောရလဒ်အားပေးနိုင်မည့် အလားအလာရှိသော လုပ်ငန်းအုပ်စုအနေဖြင့် တွေ့မြင်ရသောကြောင့် ကျွန်ုပ်တို့၏ GGC ၏စံနှုန်းနှင့် ကိုက်ညီမှုရှိသည့် လုပ်ငန်းအုပ်စုဖြစ်ကြောင်း World Economic Forum ၏ မန်နေးဂျင်းဒါရိုက်တာနှင့် New Champions အကြီးအကဲ David Aikman တို့မှ ပြောကြားခဲ့ပါသည်။

Myanmar Property Awards
png

အိမ်ခြံမြေစီမံကိန်း များတွင် တစ်ခုအပါအဝင်ဖြစ်သည့် Gems ကွန်ဒိုသည် 2016 ခုနှစ်အတွက် အကောင်းဆုံး လူနေအိမ်ရာ ပရောဂျက်၊ အကောင်းဆုံး ကွန်ဒို ဖွံ့ဖြိုးတိုးတက်မှုနှင့် အကောင်းဆုံး လူနေအိမ်ခန်း အတွင်းပိုင်း ဒီဇိုင်းတို့အတွက် Myanmar Property Awards ဆုအား ချီးမြှင့်ခြင်းခံခဲ့ရပါသည်။

Our people

ကျွန်ုပ်တို့၏ ကျွမ်းကျင်ဝန်ထမ်းများသည် မိမိတို့၏ လုပ်ငန်းတာဝန်များကို တက်ကြွစွာ လုပ်ဆောင်နေကြပါသည်။ ကျွန်ုပ်တို့ကုမ္ပဏီအနေဖြင့်လည်း ဝန်ထမ်းများအား လုပ်ငန်းတာဝန်များတွင် ပိုမိုအကျိုးဖြစ်ထွန်းစွာ စွမ်းဆောင်နိုင်စေရန် သင့်လျော်သောသင်တန်းများနှင့်အတူ လိုအပ်သော အရင်းအမြစ်များအား ပံ့ပိုးပေးလျက်ရှိပါသည်။ ကဏ္ဍအလိုက် စီးပွားရေးလုပ်ငန်းများ တိုးတက်ကြီးထွားလာစေရန်နှင့် အကောင်းဆုံးသော ရလဒ်ကောင်းများပိုင်ဆိုင်နိုင်စေရန် ကျွန်ုပ်တို့ အတူတကွလုပ်ဆောင်သွားပါမည်။

Our Partners
Mitsubishi Corporation
ms

Capital Diamond Star Group Limited (CDSG) နှင့် Mitsubishi ကော်ပိုရေးရှင်းတို့အကြား ပူးပေါင်းဆောင်ရွက်မှုအဖြစ် မြန်မာနိုင်ငံနှင့် ဒေသအလိုက် စားသောက်ကုန်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းများအား ပါဝင်ဆောင်ရွက်ရန် Lluvia Joint Venture, Lluvia Limited, Lluvia ကို ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။ Lluvia သည် မြန်မာနိုင်ငံတွင် စားနပ်ရိက္ခာလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ Food Value Chain  စီးပွားရေးလုပ်ငန်းအသီးသီးအတွက် CDSG နှင့် Mitsubishi ကော်ပိုရေးရှင်းတို့၏ ကျွမ်းကျင်မှုနှင့် အတွေ့အကြုံများကို အသုံးချ၍ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။

RMA Group
logo-rma1

Capital Automotive သည် 2013 ခုနှစ် ဧပြီလမှစတင်၍ မြန်မာနိုင်ငံ၏ တစ်ဦးတည်းသော တရားဝင်ခွင့်ပြုချက်ရ Ford ဖြန့်ဖြူးရောင်းချသည့်လုပ်ငန်းဖြစ်ပါသည်။ Capital Automotive နှင့် မြန်မာနိုင်ငံရှိ RMA Group တို့အကြား ပူးပေါင်းဆောင်ရွက်ကာ Capital Diamond Star Group အနေဖြင့် ခေတ်မီဆန်းသစ်သော မော်တော်ယာဉ်လိုအပ်ချက်ရှိသည့် မြန်မာ့မော်တော်ယာဥ်လုပ်ငန်း အတွက် အကောင်းဆုံး ကူညီဖြေရှင်းနိုင်စေရန် ပါဝင်ကြိုးပမ်းလျက်ရှိပါသည်။