Hot Line: +959 945 103 033    Email Address: info@cdsg.com.mm         
   
     

International Bulk Terminal Thilawa (IBTT)

International Bulk Terminal Thilawa (“IBTT”) သည် Lluvia Limited (CDSG-Mitsubishi JV), Kamigumi နှင့် Japan Overseas Infrastructure Investment Corp (“JOIN”) တို့ကြား ဖက်စပ် လုပ်ငန်းတစ်ခုဖြစ်ပါသည်။ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ သီလဝါဆိပ်ကမ်းဇုန် အမှတ် ၃၀ နှင့် ၃၁ (က)တွင်တည်ရှိပါသည်။ IBTT၏ ရည်ရွယ်ချက်မှာ ဝမ်းပုံလောင်း ကုန်တင် သင်္ဘောကြီးများအတွက် ပိုမိုကောင်းမွန်မြန်ဆန်စေမည့် ဆိပ်ကမ်းဆိုင်ရာ ဝန်ဆောင်မှုများပေးရန် နှင့်၊ ကောက်ပဲသီးနှံများအပါအဝင်၊ ဝမ်းပုံကုန်စည်များကို ကျွမ်းကျင်စွာ ကိုင်တွယ်စေခြင်းဖြင့် မြန်မာနိုင်ငံအတွက် ပို့ကုန်/သွင်းကုန်ဆိုင်ရာ သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်များကို လျှော့ချပေး နိုင်ရန်ဖြစ်ပါသည်။

IBTTဆိပ်ကမ်း၏ “Silo”များတွင် ဂျုံစေ့(40,000 MT)သိုလှောင်နိုင်ပြီး၊ အထူးပြု တည်ဆောက်လုပ်ထားသောဂိုထောင်တွင် Soy-bean Meal နှင့် ပြောင်း (20,000 MT) အသီးသီး သိုလှောင်နိုင်ပါသည်။ တိရိစ္ဆာန်စာထုတ်လုပ်ခြင်းလုပ်ငန်းများနှင့် အခြားသောစားသောက်ကုန် ထုတ်လုပ်ခြင်းလုပ်ငန်းများအတွက်များစွာ အကျိုးဖြစ်ထွန်းစေသောဆိပ်ကမ်းတစ်ခုဖြစ်ပါသည်။ IBTT ဆိပ်ကမ်းသည် DWT 60,000MTအထိ ရှိသောသင်္ဘောကြီးများဆိုက်ကပ်နိုင်အောင် တည်ဆောက်ထားသောဆိပ်ကမ်းဖြစ်ပြီး၊ အရှည်အားဖြင့် (၂၁၀)မီတာအထိနှင့် ရေစူးအားဖြင့် (၉.၂) မီတာအထိရှိနိုင်သော ပင်လယ်ကူးသင်္ဘောကြီးများ ဆိုက်ကပ်နိုင်ပြီး၊တည်ဆောက်ထားသော ဆိပ်ကမ်းဖြစ်ပြီး၊ ဝမ်းပုံလောင်းကုန်စည်များ(In-Bulk Cargo)အပြင်၊ အထွေထွေကုန်စည်များနှင့် အထူးစီမံကိန်း ကုန်စည်များကို ကျွမ်းကျင်စွာဝန်ဆောင်မှုပေးနိုင်သော ဆိပ်ကမ်းတစ်ခု ဖြစ်ပါသည်။

Company Structure


Kamigumi

(၁) ရုံးချုပ်လိပ်စာ - ၄-၁-၁၁၊ Hamabe-dori၊ Chuo-ku၊ Kobe၊ Hyogo

(၂) တည်ထောင်ခဲ့သည့်ခုနှစ် - ၁၉၄၇ ခုနှစ်

(၃) ကိုယ်စားလှယ် - Yoshihiro Fukai, President & Representative Director

(၄) Website: https://www.kamigumi.co.jp/english/

JOIN (Japan Overseas Infrastructure Investment Corporation for Transport & Urban Development)

(၁) ရုံးချုပ်လိပ်စာ - ၂-၂-၃ Marunouchi၊ Chiyoda-ku၊ တိုကျို

(၂) တည်ထောင်ခဲ့သည့်ခုနှစ် - ၂၀၁၄ ခုနှစ်

(၃) ကိုယ်စားလှယ် - Takuma Hatano, President and CEO

(၄) Website: http://www.join-future.co.jp/english/index.html

Facts & Figures

Annual Handling Volume - More than 1 million MT
Annual Handling Volume - More than 1 million MT
Storage Capacity - Warehouse (20,000 MT) / Silos (40,000 MT)
Storage Capacity - Warehouse (20,000 MT) / Silos (40,000 MT)
Over 50 employees
Over 50 employees