Fortune Fund Myanmar Company Limited (“Fortune Fund Myanmar”) သည် CDSG ၏ အသေးစားငွေရေးကြေးရေးလုပ်ငန်း ဖြစ်သည်။ FFMCL သည် ပြည်နယ်နှင့် တိုင်းဒေသကြီး ၉ ခုရှိ မြို့နယ် ၉၈ ခုတွင် မြို့ပြနှင့် ကျေးလက် အသေးစား ငွေရေးကြေးရေး အစီအစဉ်နှစ်ရပ်လုံးကို တွဲဖက်လုပ်ဆောင်နေပါသည်။
Fullerton Finance (Myanmar) Company Limited အဖြစ် 2013 ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး 2015 ခုနှစ် ဇွန်လတွင် Myanmar microfinance Supervisory Enterprise မှ လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ကို ရရှိခဲ့ပါသည်။ 2023 ခုနှစ် ဧပြီလ 24 ရက်နေ့မှ စတင်ကာ CDSG ၏ ရာနှုန်းပြည့် ပိုင်ဆိုင်သည့် လုပ်ငန်းခွဲအဖြစ် Fortune Fund Myanmar ကို စတင်လည်ပတ်ဆောင်ရွက်ခဲ့ပါသည်။
Fortune Fund Myanmar သည် ငွေကြေးဝန်ဆောင်မှုများမှတစ်ဆင့် လူမှုအသိုင်းအဝိုင်းများ၊ အသေးစား လုပ်ငန်းရှင်များနှင့် ၎င်းတို့၏ မိသားစုများ၏ ဘဝများကို အောင်မြင်မှုများနှင့် ကြွယ်ဝစေမည့် ခေတ်မီ အသေးစား ငွေရေးကြေးရေး အဖွဲ့အစည်းတစ်ခုအဖြစ် ကြိုးပမ်းလျက်ရှိသည်။
စတင်တည်ထောင်ချိန်မှစ၍ ဖောက်သည်ပေါင်း ၇၄၀,၀၀၀ ကျော်အား ချေးငွေစုစုပေါင်း ကျပ် ၄၃၀ ဘီလီယံကျော်ကို ထုတ်ပေးခဲ့ပြီးဖြစ်ပါသည်။ ထုတ်ပေးခဲ့သော ချေးငွေအရပ်ရပ်သည် ၂၀၂၃ ခုနှစ် မေလအထိ ကျပ် ၂၇ ဘီလီယံကျော်ရှိသည်။
Fortune Fund Myanmar အကြောင်းပိုမိုသိရှိလိုပါက ဝက်ဘ်ဆိုဒ်နှင့် Facebook စာမျက်နှာ https://www.fortunefundmm.com တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။