Capital Automotive သည် Capital Diamond Star Group (CDSG) နှင့် RMA Group (Thailand) တို့အကြား ဖက်စပ်လုပ်ကိုင်သည့် company တစ်ခုဖြစ်ပြီး Ford ၊ Jaguar ၊ Land Rover မော်တော်ယာဉ်များ၊ John Deere လယ်ထွန်စက်များနှင့် စိုက်ပျိုးရေးသုံးမော်တေယာဉ်များကို 2013 ခုနှစ်မှစတင်၍ မြန်မာနိုင်ငံတွင် တစ်ဦးတည်း ဖြန့်ဖြူးရောင်းချ သူကိုယ်စားလှယ်အဖြင့်စတင်ရပ်တည်ခဲ့ပါသည်။ ထို့အပြင် Ford Ranger Double Cab နှင့် Ford Everest SUV ကားများကိုလည်း မြန်မာနိုင်ငံတွင် ထုတ်လုပ်တပ်ဆင်လျက်ရှိပါသည်။
Capital Automotive ၏ ရပ်တည်မှု နှင့် စျေးကွက်ဆိုင်ရာ အသိပညာတို့သည် နိုင်ငံတကာ ကျွမ်းကျင်မှုများနှင့်အတူပေါင်းစည်းထားသောကြောင့် ယုံကြည်စိတ်ချရသည့်အပြင် အကောင်းဆုံးမိတ်ဖက်အဖြစ်သေလည်းကောင်း သက်ဆိုင်ရာမော်တော်ယာဥ်ထုတ်ကုန်များရရှိနိုင်စေရန်အတွက် သော်လည်းကောင်း ယုံကြည်စိတ်ချရသည့်အဖွဲ့အစည်းတစ်ခုပဲ ဖြစ်ပါသည်။ ဝန်ထမ်းများအားလုံးသည်လည်း
Customer များအတွက်အကောင်းဆုံးသောဝန်ဆောင်မှုများကို Customer များ၏ အမြင့်ဆုံးမျှော်မှန်းချက်များအတိုင်း ပြည့်မီစေရန် ကတိကဝတ်အပြည့်ဖြင့် စွမ်းဆောင်လျှက်ရှိပါသည်။ Capital Automotive ၏ အရောင်းပြခန်းနှင့် ဝန်ဆောင်မှုစင်တာတိုင်းမှ customer တိုင်း စိတ်တိုင်းကျ ကျေနပ်မှုများရရှိနိုင်စေရန် အကောင်းမွန်ဆုံးသော ဝန်ဆောင်မှုများအားပေးအပ်လျက်ရှိပါသည်။
ပိုမိုသိရှိလိုပါက အောက်ပါ link များတွင်သွားရောက်ကြည့်ရှုနိုင်ပါသည်
Jaguar XF ဇိမ်ခံပြိုင်ကားကြီးအား လာမည့်ဂျိမ်းဘွန်း @007 ဇာတ်ကားသစ်ဖြစ်သော No Time To Die ဆိုသည့်ဇာတ်ကားတွင် ၎င်း၏ထူးခြားသောစွမ်းဆောင်ရည်ကို ပြသမည်ဖြစ်သည်။ The New Land Rover Defender သည် နှစ်စဉ်ကျင်းပမြဲဖြစ်သော World Car Awards 2021 ခုနှစ်အတွက် ကမ္ဘာ့ကားဒီဇိုင်းသရဖူရရှိခဲ့သော Land Rover ၏ ကားဒီဇိုင်းဖြစ်ပါသည်။ 2020 ခုနှစ် စက်တင်ဘာလ 18 ရက်နေ့တွင် မြန်မာနိုင်ငံတွင် ၎င်း၏ ဒစ်ဂျစ်တယ် မိတ်ဆက်ပွဲကို အောင်မြင်စွာ ကျင်းပခဲ့ပါသည်။
Drive Magazine's Myanmar Car of the Year Awards (“MCOTY”)၏ဖော်ပြချက်အရ Ford သည် 2019 ခုနှစ်အတွက် အကောင်းဆုံး ဆု ၂ ဆုကိုဆွတ်ခူး ရရှိခဲ့ပါသည်။ ထိုဆုများမှာ City SUV 2019 ဆုနှင့် Ford Ranger Raptor ဖြင့် အကောင်းဆုံး Pick-Up Truck 2019 ဆုတို့ဖြစ်ကြပါသည်။ Ford မှ ဂုဏ်ယူစွာဖြင့် “The All-New Ford Territory” ကို 2020 ခုနှစ် ဒီဇင်ဘာလတွင် မြန်မာနိုင်ငံတွင် ဖွင့်လှစ်ခဲ့ပြီး မြန်မာနိုင်ငံရှိ မော်တော်ယာဥ်ဈေးကွက်ထဲတွင် ကျစ်လစ်သိပ်သည်းသော SUV ကားကဏ္ဍများကိုလည်း ထည့်သွင်းသွားမည်ဖြစ်ပါသည်။