Hot Line: +959 945 103 033    Email Address: info@cdsg.com.mm         
   
     

Wellington Pharmacy

Wellington Pharmacy ကို စတိုးဆိုင်တွင်း ဆေးဆိုင် (SIS) အဖြစ် G&G စတိုးနှင့် Capital လက်လီ အရောင်းဆိုင်များတွင် ၂၀၀၈ ခုနှစ်မှ စတင် တည်ထောင်ခဲ့ပါသည်။ Wellington Pharmacy ကို ဝယ်ယူသူများအတွက် ခိုအားထားစရာ၊ ယုံကြည်စရာ ကျန်းမာရေးစောင့်ရှောက်မှု လက်တွဲဖော် ဖြစ်စေရန်နှင့် နံပါတ်တစ် လက်လီဆေးဆိုင်ဖြစ်စေရန် ရည်ရွယ်ပြီး စတိုးဆိုင်တွင်း ဆေးဆိုင်များနှင့် သီးသန့်ဆိုင်ခွဲများစွာ ချဲ့ထွင်ဖို့ ရည်မှန်းထားပါသည်။ လက်ရှိတွင် G&G နှင့် Capital ဆိုင်များတွင် Wellington Pharmacy ဆိုင်ပေါင်း (၆၀) ကျော်၊ သီးသန့်ဆိုင်ခွဲ (၂) ဆိုင် ရှိနေပြီဖြစ်ပြီး ဆိုင်ခွဲပေါင်းများစွာ ထပ်မံဖွင့်စ်ရန် ရှိနေပါသေးသည်။

Products Offering

Wellington Pharmacy တွင် အဓိကအားဖြင့် OTC နှင့် ဆရာဝန်ညွှန်းစာဖြင့်ဝယ်ယူရသော ဆေးဝါးများ၊ ကာကွယ်ဆေးများ၊ တိုင်းရင်းဆေးများ၊ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ ထုတ်ကုန်များ၊ ကလေးပစ္စည်းများနှင့် နေ့စဥ်လိုအပ်သော ပစ္စည်းများကို ရရှိနိုင်ပါသည်။

Value Added Services

ကျန်းမာရေးနှင့် ညီညွတ်သော လူနေမှုဘဝကို အထောက်အကူပြုနိုင်ရန် ရည်ရွယ်ပြီး Wellington Pharmacy တွင် value-added service များဖြစ်သော ကျန်းမာရေး အာမခံ၊ အွန်လိုင်း (သို့မဟုတ်) ဖုန်းဖြင့် ကျန်းမာရေး တိုင်ပင်ဆွေးနွေးခြင်း၊ BMI တိုင်းတာခြင်းနှင့် အခြား အခြေခံစစ်ဆေးမှုများ အစရှိသည့် ဝန်ဆောင်မှုများကို ရရှိနိုင်ပါသည်။

Why Choose Wellington?

  • ဖော်ရွေသော၊ တတ်ကျွမ်းနားလည်သော၊ အရည်အချင်းပြည့်မီသော အဖွဲ့ဖြင့်  ဖောက်သည်များကို ကူညီဝန်ဆောင်မှု ပေးအပ်ခြင်းနှင့် ဖောက်သည် တစ်ဦးချင်းစီအတွက် အထူးဂရုစိုက်သော ဝန်ဆောင်မှုများကို ပေးအပ်ခြင်း။
  • ဆေးဆိုင် တစ်ဆိုင်မှ ဖောက်သည်များ မျှော်မှန်းထားသမျှ ကျန်းမာရေးစောင့်ရှောက်မှု ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို တစ်နေရာတည်းတွင် ရရှိနိုင်သော ဆေးဆိုင်ဖြစ်ခြင်း။
  • G&G နှင့် Capital တို့၏ ကွန်ရက် မှတဆင့် ရန်ကုန်နှင့် အခြားမြို့ကြီးများတွင် ပြန့်နှံ့တည်ရှိနိုင်ခြင်း။
  • အွန်လိုင်းမှ တဆင့် မှာယူနိုင်ခြင်းနှင့် အိမ်အရောက်ပို့ ဝန်ဆောင်မှု ပေးအပ်ခြင်း။
  • အပြိုင်အဆိုင်နှင့် သင့်တော်သော ဈေးနှုန်းများ ထားရှိခြင်း။