
Capital Diamond Star Group မိသားစု၏ စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာကို ၂၀၂၃ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့တွင် CDSG Head Office ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ CDSG မိသားစု၏ စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာတွင် Business Unit အသီးသီးမှ ဝန်ထမ်းများ တက်ညီလက်ညီ ပူးပေါင်းပါဝင်ကြပြီး မနက်စာတည်ခင်းဧည့်ခံကျွေးမွေးခြင်းများ ပြုလုပ်ခဲ့ကြပါသည်။
Capital Diamond Star Group မိသားစုဝန်ထမ်းများမှ စုပေါင်းမဟာဘုံကထိန်အလှူတော်အဖြစ် ရွှေပြည်သာမြို့မကျောင်းတိုက်ရှိ သံဃာတော်များကို ဝတ္ထုငွေများ၊ ကထိန်သင်္ကန်းများ ၊ ဆေးဝါးများနှင့်လှူဖွယ်ပစ္စည်း အစုစုတို့ကို သွားရောက်ပို့ဆောင် စုပေါင်းလှူဒါန်းခဲ့ကြပါသည်။
ပါဝင်လှူဒါန်းခဲ့သူများနှင့် လှူဖွယ်ပစ္စည်းများ ပို့ဆောင်လှူဒါန်း ကထိန်ကိုယ်တိုင်ကိုယ်ကြခင်းသည့်ဝန်ထမ်းများအား အထူးကျေးဇူးတင်ရှိပြီး စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာမှရရှိသည့် ကုသိုလ်အစုစုကို အားလုံးထပ်တူထပ်မျှရရှိနိုင်စေရန် ကုသိုလ်အမျှပေးဝေအပ်ပါကြောင်းနှင့် ထပ်မံဝမ်းမြောက်သာဓုခေါ်ဆိုနိင်ကြပါစေရန် စုပေါင်းမဟာဘုံကထိန်ပွဲမှ ပုံရိပ်များအား ဝေမျှလိုက်ရပါသည်ခင်ဗျာ။
လေးစားစွာဖြင့်
Group Corporate Communications and Service Standard


