
• All-new Ford Territory သည် ကျစ်လစ်ပြီး ခေတ်ဆန်သော ဒီဇိုင်း၊ အထင်ကြီးလောက်သော စွမ်းဆောင်ရည်နှင့် ဆန်းသစ်သော driver-assist နည်းပညာများစွာဖြင့် SUV အသေးစျေးကွက်တွင် စံနှုန်းအသစ်တင်နိုင်ခဲ့သည်။
• ၅ယောက်စီး compact-SUV သည် Ford ၏ တစ်ကမ္ဘာအနှံ့တွင်ကျွမ်းကျင်သည့် ကားဒီဇိုင်း၊ engineering၊ စမ်းသပ်မှု နှင့် ထုတ်လုပ်မှု အတိုင်းကိုက်ညီသည့် စွမ်းဆောင်ရည်ရှိသည်။
• A 1.5-litre EcoBoost engine mated to a CVT transmission powers the Ford Territory to deliver refinement and fuel efficiency
• ၁.၅ လီတာ EcoBoost အင်ဂျင်သည် CVT ဂီယာဘောက်စ်ဖြင့်တွဲဆက်ထားသည့်အတွက် Ford Territory သည် မောင်းနှင်ရာတွင် လွန်စွာချောမွေ့ပြီး ဆီစားနှုန်းလည်း သက်သာသည်။
• Ford Territory သည် Ford Co-Pilot360 ပါဝင်ပြီး driver-assist နည်းပညာများအဖြစ် Active Park Assist with parallel-parking ပါဝင်သည်။ ယခု ထောင့်မှန်ကျထိုးနိုင်သည့် perpendicular parking သည် compact SUV segment တွင် ပထမဦးဆုံးလည်းဖြစ်သည်။
• ယခုကားကိုပိုင်ဆိုင်ဖို့အတွက် စျေးနှုန်းသည်
Ford Motor Company သည် Ford Myanmar နှင့်အတူ ယနေ့တွင် The All-new Ford Territory ကားသစ်ကြီးကို မြန်မာနိုင်ငံ တွင် မိတ်ဆက်ခဲ့သည်။ Ford ၏ တည်ဆောက်မှုအသစ်နှင့် ဒီဇိုင်းအသစ်ဖြင့် SUV သည် ကျစ်လျစ်ပြီး ခေတ်ဆန်သောဒီဇိုင်းရှိပြီး အထင်ကြီးရလောက်သော စွမ်းဆောင်ရည်ရှိသည့်အပြင် ကားမောင်းသူကို ခေတ်မှီပြီးလုံခြုံသော နည်းပညာများစွာပါ ပံ့ပိုးပေးနိုင်သည်။
ယခုကားသည် Ford Motor Company နှင့် သူ၏ အကျိုးတူပူးပေါင်းလုပ်ဆောင်သော Jiangling Motors Corporation ဖြင့်အတူ တည်ဆောက်ထားသည်။ Ford Territory သည် ဒီဇိုင်းပိုင်း၊ အင်ဂျင်နီယာအစွမ်းနှင့် အသုံးပြုနိုင်မှုအပိုင်းတွင် Ford ၏ DNA အတိုင်း Ford ၏ ကမ္ဘာအနှံ့အမြင့်ဆုံးအရည်အသွေးစံနှုန်းအတိုင်း စျေးကွက်သို့ချပြနိုင်ခဲ့သည်။
• “The all-new Ford Territory သည် Ford ၏ ရှည်မားလှသော သမိုင်းကြောင်းနှင့် utility segment တွင် ကျွမ်းကျင်မှုတို့ဖြင့် ပေါင်းစပ်ဖွဲ့စည်းမှုအရထွက်ပေါ်လာသည့် ထုတ်ကုန်အသစ်ဖြစ်ပြီး SUV တွေလိုအပ်နေသည့် customers များ၏ လိုအပ်ချက်ကိုဖြည့်စည်းပေးရန်အတွက်ဖြစ်သည်” လို့ Michael Breen ( Managing Director, Asia Pacific Direct Markets, Ford Motor Company) မှ ပြောကြားခဲ့သည်။ “Ford ၏ တစ်ကမ္ဘာအနှံ့တွင်ကျွမ်းကျင်သည့် ကားဒီဇိုင်း၊ engineering၊ စမ်းသပ်မှု နှင့် ထုတ်လုပ်မှု အတိုင်းကိုက်ညီသည့် စွမ်းဆောင်ရည်ရှိသည့် စတိုင်ကျသော Ford Territory သည် ကားမောင်းသူများအတွက် ကောင်းမွန်သော ကားမောင်းမှု အတွေ့အကြုံပေးနိုင်သကဲ့သို့ တစ်မူထူးခြားသော ကိုယ်ပိုင် အနေအထားဖြင့် အခြားကားများကြားထဲမှ ကွဲထွက်နိုင်မှုကို ပေးစွမ်းနိုင်သည်။ Ford Territory သည် SUV segment ကို အဆင့်တစ်ခုမြှင့်ပေးနိုင်မည့်အပြင် မြန်မာနိုင်ငံတွင်လည်း ကျွန်တော်တို့၏ချဲ့ထွင်နိုင်စွမ်းကိုချပြနိုင်မည်ဟု ယုံကြည်သည်။
Ford Myanmar သည်ဆက်ပြီး “ မြန်မာနိုင်ငံရှိ SUV segment သည် customers များ၏ ယုံကြည်စိတ်ချရပြီး သူတို့၏နေ့စဉ်လူနေမှုဘဝနှင့်ကိုက်ညီသည့်ကားများကိုလိုအပ်လာသည့်အလျောက်
တစ်စတစ်စကြီးမားလာသည်။ ကျယ်ဝန်းပြီး feature များစွာပါဝင်သောအတွင်းခန်း၊ ထူးခြားဆန်းသစ်သောအပြင်ပိုင်းပုံစံနှင့် သက်သာသောစျေးနှုန်းများကြောင့် Ford Territory သည် compact SUV စျေးကွက်ကိုပြန်လည်ဆန်းသစ်နိုင်စွမ်းရှိသည့်အနေအထားတွင်ရှိသည်။ ယခု model nameplate အသစ်ကို ကျွန်တော်တို့၏ line-up တွင်ထည့်သွင်းနိုင်ခဲ့ခြင်းအတွက်လည်းများစွာဂုဏ်ယူပြီး customer တွေကိုယ်တိုင်ကိုယ်ကျစမ်းသပ်မောင်းနှင်ဖို့အတွက်လည်း ကျွန်တော်တို့မစောင့်နိုင်တော့ဘူး”။
Unmistakably Ford
Territory သည် Australia, Melbourne ရှိ Ford’s Design Studio ၏ team မှစတင်တည်ဆောက်ခဲ့ပြီး ကား၏အမြင်နှင့်ပုံပန်းသွင်ပြင်သည် Ford’s family ၏ SUV အကြီးများ၏ဒီဇိုင်းမူများအတိုင်း လိုက်နာထုတ်လုပ်ထားသည်။
Ford Territory သည် Melbourne ရှိ Geelong Proving Grounds နှင့် Nanjing, China ရှိ Ford ၏စမ်းသပ်စစ်ဆေးမှုအဖွဲ့များမှ စမ်းသပ်ထားသည့်အတွက် Ford ၏တောင့်တင်းသောတည်ဆောက်မှုနှင့် အရည်အသွေးစံနှုန်းကိုရစေသည့်အပြင် ချောမွေ့စွာမောင်းနှင်နိုင်ပြီး သက်သောင့်သက်သာလိုက်ပါစီးနင်းနိုင်သည့်အပြင် handling ပိုင်း၊ ပြင်ပဆူညံသံ၊ တုန်ခါမှုအပိုင်းနှင့် harshness အပိုင်း (NVH စမ်းသပ်မှု) တို့တွင် လွန်စွာကောင်းမွန်သည်။
Proven Performance
1.5 လီတာ EcoBoost အင်ဂျင်ကိုမှ CVT ဂီယာဘောက်စ်ဖြင့်တွဲဖက်တပ်ဆင်ထားသည့် Ford Territory သည် Sport mode ဖြင့်လည်းမောင်းနှင်နိုင်ပြီး 143PS နှင့် 225NM of torque ကိုထုတ်လွှတ်ပေးနိုင်သည့်အတွက် စွမ်းဆောင်ရည်နှင့်ဆီစားသက်သာမှုအပိုင်းမှာလည်း အချိုးကျစေနိုင်သည်။ ယခု powertrain ဖြင့် customers များသည် သက်သာသည့် ပြုပြင်ထိန်းသိမ်းမှုစရိတ်ဖြင့် တစ်နှစ်လျှင်တစ်ကြိမ် service ပြုလုပ်နိုင်သည့်အတွက် ပို၍ကောင်းမွန်သောပိုင်ဆိုင်မှုအတွေ့အကြုံကိုရစေသည်။
Functional Design, Inside-Out
Ford Territory သည်လမ်းပေါ်တွင်အလွယ်တကူထင်သာမြင်သာရှိသည့် မြို့တွင်းသုံးကားတစ်စီး၏ ဒီဇိုင်းအပြည့်ရှိသည်။ Model variant နှစ်မျိုးလုံးတွင် standard အနေနဲ့ LED headlamps ၊ LED daytime running lamps ၊ LED tail lamps ၊ auto on/off headlamps with follow-me-home feature ( ကားနှင့်နီးနေလျှင် အလိုအလျောက် အဖွင့်/အပိတ်လုပ်ပေးသည့်ရှေ့မီးကြီးများ) ၊ ရှေ့နောက်နှင်းခွဲမီးများ ၊ panoramic moonroof ၊ အနောက် spoiler နှင့် roof rails ( အမိုးကိုင်းများ) ပါဝင်သည်။
Ford Territory ၏အတွင်းတွင်လည်း premium ဆန်ဆန်ပြုလုပ်ပေးထားပြီး သက်တောင့်သက်သာဖြစ်သော အတွေ့အကြုံကိုရရှိစေမည့် perforated leather ထိုင်ခုံ ၊ leather steering wheel နှင့် dual-lid အဖုံးပါသည့် leather အုပ်ထားသည့် Centre console ပါဝင်သည်။ ကားထဲတွင် စီးနှင်းလိုက်ပါသူများအတွက်လည်း ဖုန်းများထားဖို့လုံလောက်သည့်နေရာများပါသလို cup and bottle holder (ခွက်ထည့်သည့်နေရာ) ၇ခု ပါဝင်သည်။ ဖုန်းများကို charging သွင်းနိုင်သည့် USB charging port နှင့် 12-volt power supply တို့ပါသည့်အပြင် ကားမောင်းသူများကိုအဆင်ပြေစေသည့် features များဖြစ်သည့် steering wheel mounted controls ( steering controls) ၊ power door lock with central locking ၊ ကားထွက်သည်နှင့် တံခါးများကို lock ချပေးသည့်စနစ်နှင့် auto-dimming feature ပါဝင်သည့်အလယ်နောက်ကြည့်မှန်များလည်းပါဝင်သည်။
Titanium + တွင်သာပါဝင်သည့်အရာများမှာ အနက်ရောင်အပြောင် ၁၈ လက်မ alloy wheels ၊ အရှေ့ဘက် grille တွင် chrome လိုင်းများ၊ အလိုအလျောက်အပိတ်အဖွင့်လုပ်နိုင်သည့် လေကာမှန် wipers များ၊ အကူမီးများ နှင့် အပြင်ဘက် chrome တံခါးလက်ကိုင်များ ဖြစ်သည်။
Titanium+ models များတွင် အပူအအေးပေးနိုင်သည့်ရှေ့ထိုင်ခုံများ၊ (Normal, Sport and Fashion) ဆိုပြီး themes ၃ မျိုးပြောင်းလဲအသုံးပြုနိုင်သည့် ၁၀ လက်မရှိတဲ့ fully-digital display instrument cluster၊ အရှေ့နောက်အပေါ်အောက် ချိန်ညှိနိုင်သည့် steering wheel၊ တစ်ချက်ထိ အပိတ်အဖွင့်လုပ်နိုင်သည့် power windows များအပြင် မိမိခံစားချက်အလိုက် စိတ်ကြိုက် အရောင် ၇ ရောင်ပြောင်းနိုင်သည့် ambient lighting များပါဝင်သည်။
Smart and Safe Technologies
Ford Territory သည် ကားကိုမောင်းနှင်ရာတွင် အတွေ့အကြုံသစ်များစွာရစေနိုင်သော smart features များထည့်သွင်းတည်ဆောက်ထားသည်။ Model variants နှစ်မျိုးလုံးအတွက် standard အနေနဲ့ လိုသလိုချိန်ညှိလို့ရသည့် ၁၀-လက်မရှိသည့် touchscreen၊ Apple CarPlay® နှင့် Android Auto® အသုံးပြုနိုင်မည့်အပြင် USB ပေါက် ၄ ပေါက်နှင့် speakers များ ( Titanium+ အတွက် ၈လုံးနှင့် Trend အတွက် ၆လုံး) ပါဝင်သည်။ Titanium+ တွင် wireless charging လည်းပါဝင်သည်။
Territory သည် ယာဉ်မောင်းသူအပြင် လိုက်ပါစီးနင်းသူများအတွက်လည်း လုံခြုံမှုအပြည့်ရစေနိုင်သည့် Ford Co-Pilot360၊ Titanium+ တွင် driver-assist technologies များဖြစ်သည့် Active Park Assist with parallel-parking နှင့် compact SUV segment တွင်ပထမဆုံးဖြစ်သည့် ထောင်လိုက်အနေအထားအတိုင်းထိုးနိုင်သည့် auto parking၊ 360 Degree View Monitor၊ Adaptive Information System နှင့် Lane Departure Warning များပါဝင်သည်။
Model variants နှစ်မျိုးလုံးတွင်ပါဝင်သည့် driver-assist technologies များမှာ Electronic Stability Control၊ ABS၊ EBD နှင့် Traction Control၊ Hill Launch Assist၊ အနောက် parking sensors ( Titanium+ တွင် အရှေ့နှင့်အနောက် parking sensors များ) နှင့် တာယာတစ်လုံးစီ၏ လေပေါင်ချိန်ပြသနိုင်သည့် Tyre Pressure Monitoring System များဖြစ်သည်။ အနောက်အမြင့်ဘက်တွင်တပ်ဆင်ပေးထားသည့် Stop Lamp နှင့် Child Seat ISOFIX ချိတ်များသည် model variants နှစ်မျိုးလုံးတွင်ပါဝင်သည်။