Hot Line: +959 945 103 033    Email Address: info@cdsg.com.mm         
   
     

Citizens Pay နှင့် foodpanda တို့ "Partnership Signing Ceremony - Official Agreement" လက်မှတ်ရေးထိုးပွဲကျင်းပပြုလုပ်

Citizens Pay နှင့် foodpanda တို့

Capital Diamond Star Group (CDSG) ၏ Business Unit တစ်ခုဖြစ်သော Citizens Pay နှင့် foodpanda တို့ဟာ မြန်မာနိုင်ငံရှိ သုံးစွဲသူများ ပိုမိုလွယ်ကူအဆင်ပြေစေရန်နှင့် ဘဏ္ဍာရေးနည်းပညာကဏ္ဍတွင် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုကို အရှိန်မြှင့်တင်နိုင်ရန် ရည်ရွယ်ပြီး ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ Yangon Innovation Center တွင် စီတီဇင်ပေး ၏ CEO ဦးထွန်းထွန်းလင်းနှင့် foodpanda ၏ CEO (CLM Cluster) ဦးဇေယျာမင်း တို့မှ Official Partnership Agreement ကို လက်မှတ်ရေးထိုးခဲ့ကြပါသည်။

စီတီဇင်ပေး အနေဖြင့် foodpanda ၏ ဒစ်ဂျစ်တယ်ငွေပေးချေမှု မိတ်ဖက်တစ်ဦးဖြစ်လာမည့်အပြင် စီတီဇင်ပေး နှင့် foodpanda နှစ်ဦးနှစ်ဖက်လုံးမှလည်း မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိသုံးစွဲသူများ ပိုမိုလွယ်ကူအဆင်ပြေစေရန်အတွက် အကောင်းဆုံးဝန်ဆောင်မှုများပေးစွမ်းနိုင်ဖို့ သဘောတူကတိပြုခဲ့ကြပါသည်။

foodpanda အက်ပလီကေးရှင်းမှတဆင့် သုံးစွဲသူများ၏ အော်ဒါမှာယူမှုများအတွက် စီတီဇင်ပေး၏ ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ်ကို မကြာမီ အသုံးပြုနိုင်တော့မှာဖြစ်ကြောင်းအားလည်းဂုဏ်ယူစွာဖြင့် သတင်းကောင်းပါးအပ်ပါသည်။