Hot Line: +959 945 103 033    Email Address: info@cdsg.com.mm         
   
     

Capital Diamond Star Group မိသားစု၏ နိဗ္ဗာန်ဈေးအလှူနှင့် ဈေးရောင်းပွဲတော်

Capital Diamond Star Group မိသားစု၏ နိဗ္ဗာန်ဈေးအလှူနှင့် ဈေးရောင်းပွဲတော်

Capital Diamond Star Group မိသားစု၏ နိဗ္ဗာန်ဈေးအလှူနှင့် ဈေးရောင်းပွဲတော်ကို ၂၀၂၃ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့တွင် CDSG Head Office ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ CDSG မိသားစု၏ နိဗ္ဗာန်ဈေးအလှူနှင့် ဈေးရောင်းပွဲတော်တွင် CDSG ၏ Business Unit များဖြစ်ကြသော Branded Consumer Foods, Sar Taw Kal Noodle, JDS Co., Ltd, Wheat Flour, Agribusiness Commodity Trading, Agribusiness Input Marketing, Capital Retail Myanmar, Capital Development Limited, Citizens Pay, Myanmar Citizens Bank နှင့် Capital Taiyo Life Insurance တို့မှလည်း တက်ညီလက်ညီ ပူးပေါင်းပါဝင်ပြီး အစားအသောက်များနှင့် ကုမ္ပဏီထုတ်ကုန်များ ကျွေးမွေးဧည့်ခံခြင်း၊ ကုမ္ပဏီ ထုတ်ကုန်များကို အထူးဈေးနှုန်းများဖြင့် ရောင်းချခြင်းများအပြင် ဂိမ်းအစီအစဥ်များနှင့် ဆီမီးထွန်းညှိခြင်း အစီအစဥ်များဖြင့် စည်စည်ကားကား သိုက်သိုက်ဝန်းဝန်း ကျင်းပပြုလုပ်ခဲ့ပါသည်။

အကျွေးအမွေးအစီအစဥ်များအနေဖြင့်

  • CDSG Group Corporate မှ ရခိုင်မုန့်တီ
  • Branded Consumer Foods မှ Premier Coffee နှင့် Happy ချိုဆိမ့်ကော်ဖီ
  • Sar Taw Kal Noodle မှ ဝါးလား မာလာရှမ်းကော
  • JDS Co., Ltd မှ ဆိတ်သားပတ်ဖ်
  • Wheat Flour မှ ပေါင်မုန့်နှင့် ကိတ်မုန့်
  • Agribusiness Commodity Trading မှ ရေခဲမုန့်
  • Agribusiness Input Marketing မှ မုန့်ဟင်းခါး
  • Capital Retail Myanmar မှ g&g ရေဗူးနှင့် ရွှေရင်အေး
  • Capital Development Limited မှ ကြာဇံဟင်းခါး
  • Myanmar Citizens Bank မှ ဆူရှီ
  • Capital Taiyo Life Insurance မှ ဘိန်းမုန့်နှင့် ဆနွင်းမကင်း တို့ကို အသီးအသီး ကျွေးမွေးဧည့်ခံခဲ့ပါသည်။

အထူးဈေးနှုန်းများအနေဖြင့် Branded Consumer Foods မှ Premier Coffee & Tea, Happy Coffee & Tea, Namhsan Tea, Shwe Mu Yaw နှင့် Julie's Biscuit ထုတ်ကုန်များကို ၂% မှ ၂၀% အထိ လျှော့ဈေးများဖြင့်လည်းကောင်း၊ Sar Taw Kal Noodle မှ Wah-Lah ထုတ်ကုန်များကို ၃% မှ ၂၈% အထိ လျှော့ဈေးများဖြင့်လည်းကောင်း၊ Capital နှင့် g&g တို့မှ စားသုံးကုန်နှင့် လူသုံးကုန်ပစ္စည်းများကို ၂၀% မှ ၅၀% အထိ လျှော့ဈေးများဖြင့်လည်းကောင်း၊ Wheat Flour နှင့် JDS Co., Ltd တို့မှလည်း အစားအ‌သောက်နှင့် ဆေးဝါးများကို အထူးလျှော့ဈေးများဖြင့်လည်းကောင်း ရောင်းချပေးခဲ့ပါသည်။