g&g ဟု လူသိများသော Grab & Go သည် မြန်မာနိုင်ငံရှိ မြို့ကြီးများနှင့် နယ်မြို့များတွင် လူကြီးလူငယ်အားလုံးအတွက် ဝန်ဆောင်မှုပေးနေသော ထိပ်တန်းလက်လီ လုပ်ငန်းစုကြီးတစ်ခုဖြစ်သည်။ g&g စတိုးဆိုင်များအား CDSG လုပ်ငန်းစုကြီးမှ ၂၀၁၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အဖျော်ယမကာများ၊ မုန့်များ၊ နေ့စဥ်သုံး လူသုံးကုန်ပစ္စည်းများ၊ အဆင်သင့် စားသုံးနိုင်သော အစားအစာများ (RTE)၊ ဆေးဝါးများ စသည်တို့အား တစ်နေရာတည်းတွင် ရောင်းချပေးလျက်ရှိပါသည်။ ထို့အပြင် ခရီးသွား လက်မှတ်ရောင်းချမှု၊ အေဂျင်စီဘဏ်လုပ်ငန်းများ၊ အိမ်ထိုင်ရာရောက် ပို့ဆောင်ရေးနှင့် အခြားဝန်ဆောင်မှုများ g&g တွင် ရရှိနိုင်ပါသည်။
လက်ရှိတွင် g&g သည် ဝန်ထမ်းပေါင်း ၁,၀၀၀ ခန့်ကို အလုပ်ခန့်ထားနိုင်ခဲ့ပြီး ပို့ဆောင်ဖြန့်ဖြူးရေး ဗဟိုဌာနကို ရန်ကုန်မြို့တွင်ထားရှိကာ လုပ်ငန်းများလည်ပတ်လျက်ရှိသည်။ ကော်ပိုရိတ်နှင့် လုပ်ငန်းခွဲဝေခြင်း(Franchise) စတိုးဆိုင်ခွဲပေါင်း ၂၀၀ ကျော် ရှိပြီး မြန်မာတစ်နိုင်ငံလုံးရှိ မြို့ကြီးများတွင် ၂၄ နာရီပတ်လုံး ဝန်ဆောင်မှုပေးနေပြီး တစ်နှစ်လျှင် အရောင်းအဝယ် ၃၀,၀၀၀,၀၀၀ ကျော် လုပ်ဆောင်နေသည်။
g&g သည် လာမည့်နှစ်များအတွင်း စတိုးဆိုင်များ တိုးချဲ့ဖွင့်လှစ်ရန် ရည်မှန်းထားပြီး ဝန်ဆောင်မှု ဧရိယာ ပိုမို လွှမ်းခြုံနိုင်ရန်လည်း ကြိုးပမ်းလျက်ရှိသည်။ မြန်မာ ပြည်သူများအတွက် ဆန်းသစ်တီထွင်သော ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများအား စဉ်ဆက်မပြတ် ပံ့ပိုးပေးနိုင်ရန် g&g မှ ဆောင်ရွက်လျက်ရှိသည်။


| g&g Convenience Store Myanmar |