Hot Line: +959 945 103 033    Email Address: info@cdsg.com.mm         
   
     

Capital Taiyo Life Insurance

Capital Taiyo Life Insurance ("Capital Taiyo Life") သည် Capital Taiyo Life ၏ မူလလုပ်ငန်း ဖြစ်သည့် Capital Life Insurance  မှ  Taiyo Life Insurance နှင့် ပူးပေါင်းဆောင်ရွက်နေသော ဖက်စပ်လုပ်ငန်းတစ်ခု ဖြစ်ပါသည်။

Capital Life Insurance ကို ၂၀၁၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံတွင် ပထမဆုံးသော ပုဂ္ဂလိက အသက်အာမခံကုမ္ပဏီများထဲမှ တစ်ခုဖြစ်ပါသည်။ Taiyo Life Insurance သည် နှစ်ပေါင်း ၁၀၀ ကျော် သမိုင်းကြောင်းရှိသော ဂျပန်နိုင်ငံ၏ အကြီးဆုံး အသက်အာမခံကုမ္ပဏီများထဲမှ တစ်ခုဖြစ်ပါသည်။ အဆိုပါအဖွဲ့အစည်းနှစ်ခုသည် မိမိတို့၏ Customer များအတွက် အရည်အသွေးမြင့်အာမခံအမျိုးအစားများနှင့် ဝန်ဆောင်မှုကောင်းများ ဖန်တီးပေးအပ်နိုင်ရန် ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် Capital Taiyo Life Insuranceကို ဖက်စပ်လုပ်ငန်းတစ်ခုအဖြစ် ဖွဲ့စည်းတည်ထောင် ခဲ့ပါသည်။ ၂၀၂၂ ခုနှစ် မေလအထိ Capital Taiyo Life သည် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ဧရာဝတီနှင့် မွန်ပြည်နယ်တို့၌ ရုံးခွဲ ၁၂ ခုဖြင့် တိုင်းဒေသကြီး ၆ ခုတွင် လည်ပတ်ဆောင်ရွက်လျက်ရှိပါသည်။

Capital Taiyo Life သည် မှန်ကန်တိကျသော စာရင်းရှင်းတမ်းနှင့် ခိုင်မာသော စီမံခန့်ခွဲမှုတို့ဖြင့် မြန်မာနိုင်ငံတွင် အလျင်မြန်ဆုံး ကြီးထွားလျက်ရှိသော အသက်အာမခံကုမ္ပဏီများထဲမှ တစ်ခုဖြစ်ပါသည်။ Capital Taiyo Life ၏ တိုးချဲ့လျက်ရှိသော ရုံးခွဲများသည် အာမခံဆိုင်ရာ အသိပညာ နှင့် ဝန်ဆောင်မှုများကို မြှင့်တင်ရန်အတွက် သုံးစွဲသူများထံ အိမ်တိုင်ရာရောက် ရောင်းချခြင်း၊ တစ်ဦးချင်းဝန်ဆောင်မှုပေးခြင်းစသည် တို့ကို ဆောင်ရွက်ခြင်းဖြင့် မြို့ပြဧရိယာများတွင်ပါ customerများနှင့် အပြန်အလှန် အကျိုးပြုလျက်ရှိပါသည်။ Capital Taiyo Life ၏ ဘဏ္ဍာရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ Capital Diamond Star Group (“CDSG”) ၏ ခိုင်မာသောကွန်ရက်ဖြင့် တိုးချဲ့ခြင်း၊ ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုများတိုးမြှင့်ထားခြင်းဖြင့်  မတူညီသော စျေးကွက်များအလိုက် ကျေးလက်နှင့် မြို့ပြဒေသများရှိ Customerများကို ပိုမိုကောင်းမွန်စွာ ဝန်ဆောင်မှုပေးနိုင်ရန် ကြိုးပမ်းလျက်ရှိပါသည်။

ခိုင်မာသော လုပ်ငန်းလည်ပတ်မှုနှင့် ကျင့်ဝတ်တန်ဖိုးများဖြင့် Capital Taiyo Life သည် Customer များအတွက် အရည်အသွေးမြင့် ဝန်ဆောင်မှုများပေး၍ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုကို တိုးမြှင့်ပေးသည့်အပြင် ဆန်းသစ်သော e-services နှင့် ဒစ်ဂျစ်တယ် နည်းလမ်းများကို အသုံးချခြင်းဖြင့် မြန်မာနိုင်ငံတွင် ထိပ်တန်းအသက်အာမခံလုပ်ငန်းဖြစ်လာရန် ရည်မှန်းထားပါသည်။

ကျွန်ုပ်တို့၏ဝန်ဆောင်မှုများ
  • နှစ်တို ငွေပင်ငွေရင်း အသက်အာမခံ
  • ပညာရေး အသက်အာမခံGroup Life Insurance
  • စုပေါင်းအသက်အာမခံ
  • ကျန်းမာရေးအာမခံ
  • ပြင်းထန်သောရောဂါကုသမှုအာမခံ
  • ကိုယ်အင်္ဂါထိခိုက်မှုအာမခံ
  • ခရီးသွား အာမခံ (မိုင် 100 အောက် ခရီးသွားအာမခံ၊ အထူးခရီးသွားအာမခံ)
  • မြွေအန္တရာယ်အသက်အာမခံ
  • တောင်သူလယ်သမားအသက်အာမခံ
  • အားကစားသမားကိုယ်အင်္ဂါထိခိုက်မှုအာမခံ
  • ပရီမီယံတစ်ကြိမ်ပေးချေးငွေအသက်အာမခံ
  • ပရီမီယံတစ်ကြိမ်ပေးနှစ်တိုချေးငွေအသက်အာမခံ

Facts & Figures

Total employees – 356
Total employees – 356
Total branches – 13
Total branches – 13
Total number of policies – 849924
Total number of policies – 849924