ဆုကြီးတွေပေါက်ဖို့ ပရီမီယာ ၁၅နှစ်ပြည့် အထုပ်တွေနဲ့ ကံစမ်းစို့
Capital Diamond Star Group (CDSG) ၏ Business Unit များဖြစ်သော ပရီမီယာနှင့် စီတီဇင်ပေးတို့ရဲ့ “ဆုကြီးတွေပေါက်ဖို့ ပရီမီယာ ၁၅ နှစ်ပြည့်အထုပ်တွေနဲ့ ကံစမ်းစို့" အစီအစဉ်ကြီး
“ဆုကြီးတွေပေါက်ဖို့ ပရီမီယာ ၁၅ နှစ်ပြည့်အထုပ်တွေနဲ့ ကံစမ်းစို့" အစီအစဉ်ကြီးမှာ ပါဝင်ဖို့ဆိုရင်
အရင်ဆုံး နီးစပ်ရာဆိုင်တွေမှာ “ပရီမီယာ ၁၅ နှစ်ပြည့်” အမှတ်အသားပါ အထုပ်တွေကိုဝယ် ပြီးရင် စီတီဇင်ပေး အကောင့်မရှိသေးသူတွေက စီတီဇင်ပေး အက်ပလီကေးရှင်းကို Play Store, iOS App Store နဲ့ Huawei App Gallery တွေမှာ ဒေါင်းလုဒ်ဆွဲပြီး အကောင့်ဖွင့် ပြီးရင် စီတီဇင်ပေး အက်ပလီကေးရှင်း ပင်မစာမျက်နှာက “ပရီမီယာ ၁၅ နှစ်ပြည့် Banner” ကိုနှိပ်၊ ပရီမီယာ အထုပ်တွေထဲမှာပါတဲ့ ကံစမ်းမဲကုဒ်နံပါတ်ကို ရိုက်ထည့် ဒါဆိုရင်တော့ သင်က ဆုအကြီးကြီးတွေ ပေါက်မဲ့အစီအစဉ်မှာ ပါဝင်ပြီးသွားမှာဖြစ်ပြီး စီတီဇင်ပေး ကပေးတဲ့ E-money Cashback ၁,၀၀၀ ကျပ် ကိုလည်း ချက်ချင်းရယူနိုင်မှာပါ။ ကံစမ်းမဲကုဒ်နံပါတ် တစ်ခုကို ကံစမ်းခွင့်အနေနဲ့ တစ်ကြိမ်ရရှိမှာဆိုတော့ ပရီမီယာ ကော်ဖီများများသောက်ပြီး ကံစမ်းမဲကုဒ်နံပါတ် များများထည့်လေ… ဆုကြီးကြီးတွေ ကံထူးဖို့ ပိုပြီးနီးစပ်လေလေပဲပေါ့။
ဒီအထူးအစီအစဉ်မှာ ပါဝင်ကံစမ်းနိုင်ဖို့အတွက်ဆိုရင်တော့ အထုပ်သေး (၁၀)ထုပ်ပါတဲ့ အထုပ်တိုင်းအတွက် ကူပွန် တစ်ခု၊ အထုပ်သေး (၂၀)ထုပ်ပါတဲ့ အထုပ်တိုင်းအတွက် ကူပွန် နှစ်ခု၊ အထုပ်သေး (၃၀)ထုပ်ပါတဲ့ အထုပ်တိုင်းအတွက် ကူပွန် သုံးခု ပါရှိတာဆိုတော့ သေချာလေး ရိုက်ထည့်ပြီး ကံစမ်းဖို့အတွက် ဝယ်ယူတဲ့ဆိုင်တိုင်းမှာ ကူပွန်တောင်းဖို့မမေ့ကြပါနဲ့နော်။
ဒီ အစီအစဥ်မှာ ပါဝင်တဲ့ ဆုကြီးတွေကတော့
Geely Coolray Comfort 2021 Model ကား (၄) စီး၊ Geely Coolray Sport Limited 2022 Model ကား (၁) စီး၊ ငွေကျပ် သိန်း ၂၅၀ (၁၀) ဆု၊ ငွေကျပ် ဆယ်သိန်း (၁၅၀) ဆု တို့ကို မဲဖောက်ပေးသွားမှာပဲဖြစ်ပါတယ်။
ကဲ… အခုပဲ ပရီမီယာ ၁၅နှစ်ပြည့်အမှတ်အသားနဲ့ ယခင်ပရီမီယာ Logo အမှတ်အသားတွေရိုက်နှိပ်ထားတဲ့ Premier 3in1, Premier 2Plus1, Premier Espresso, Premier Fusion, Premier Namhsan Tea, Premier Milk Powder (16.5 g) များကို နီးစပ်ရာဆိုင်များမှာ ဝယ်ယူပြီး ဆုကြီးများကို ကံစမ်းလိုက်ရအောင်…